Connect with us

Politics, Law & Military

တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ပေးပို့သော နိုင်ငံတော် သမ္မတ သဝဏ်လွှာတွင် တောင်သူလယ်သမားများ လူမှုစီးပွား ဘဝ မြှင့်တင်ရန် အခါအခွင့်သင့်သော အခြေအနေ ဖြစ်ဟု ဖော်ပြပါရှိ

တောင်သူလယ်သမားနေ့ အခမ်းအနားသို့ နိုင်ငံတော် သမ္မတမှ ပေးပို့ သော သဝဏ်လွှာအား တွေ့ ရစဉ်(ဓာတ်ပုံ- Myanmar President Office)

ရန်ကုန် ၊ မတ် ၂ ရက်(ဆင်ဟွာ)

တောင်သူလယ်သမားတို့၏ ပေါင်းစည်းအင်အားဖြင့် လယ်ယာကဏ္ဍ အပါအဝင် နိုင်ငံတော်၏ အမျိုးသားရေး အကျိုးစီးပွား ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးကို အရှိန်အဟုန်မြှင့်တင်၍ ကြိုးပမ်းဆောင်ရွက်ကြရမည့် အချိန်အခါကောင်းဖြစ်သည်နှင့်အညီ တောင်သူ လယ်သမားများ၏ လူမှုစီးပွားဘဝမြှင့်တင်ရန် အခါအခွင့်သင့်သော အခြေအနေ ဖြစ်ကြောင်း ယနေ့မတ် ၂ ရက်တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှ ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြထားသည်။

တစ်မျိုးသားလုံး၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP)၏ ၃ဝ ရာခိုင်နှုန်းခန့်ကို လယ်ယာ ကဏ္ဍမှ ရရှိသော်လည်း တောင်သူလယ်သမားအများစုမှာ လူမှုစီးပွားဘဝနိမ့်ကျနေဆဲ ဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် လာမည့်နှစ် အနည်းငယ်အတွင်း တိုးပွားလာမည့် လူဦးရေအတွက် နိုင်ငံ၏ စားနပ်ရိက္ခာလုံခြုံ စိတ်ချမှုရှိရုံသာမက နိုင်ငံတကာဈေးကွက်သို့ ပိုမိုတိုးတက်တင်ပို့ရောင်းချနိုင်ရေး ရည်မှန်းချက်ဖြင့် သီးနှံ စိုက်ပျိုး ထုတ်လုပ်မှုကို ဘက်ပေါင်းစုံမှ အရှိန်အဟုန် မြှင့်တင် အားပေးဆောင်ရွက်လျက်ရှိကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိသည့်ကာလအတွင်း ရေရှည်တည်တံ့သော လယ်ယာထုတ်ကုန်စနစ် ထွန်းကားစေပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်ခြင်း ဖြင့် ကျေးလက်နေပြည်သူများ၏လူမှုစီးပွားဘဝ မြင့်မားလာစေရန်နှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရန် မျှော်မှန်း၍ ပန်းတိုင်(၉)ရပ်ကို သတ်မှတ်ထားပြီးဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

စိုက်ပျိုးရေးထွက်ကုန်များ ဈေးကောင်းရရှိရေးနှင့် အခြေခံစိုက်ပျိုးထုတ်လုပ် ကြသည့် တောင်သူလယ်သမားများ ဝင်ငွေ တိုးတက်ရရှိနိုင်ရန် နိုင်ငံတကာဈေးကွက် သို့ ယှဉ်ပြိုင်တင်ပို့ရောင်းချနိုင်ရေးအတွက် ခေတ်မီအဆင့်မြင့် ဆန်စက်နှင့် ဆီစက်များ၊ သစ်သီးဝလံ အဆင့်မြင့်သန့်စင်စက်နှင့် ခေတ်မီထုပ်ပိုးစက်များဖြင့် ထုတ်လုပ် တင်ပို့ရောင်းချနိုင်ရေး လုပ်ငန်းစဉ်ကိုလည်း အားပေးမြှင့်တင် ဆောင်ရွက်လျက် ရှိကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

လယ်ယာထွက်ကုန်သီးနှံများကို ဈေးပြိုင်စနစ်ဖြင့် ရောင်းချသည့် စနစ်ဖြစ်သော နိုင်ငံတကာအဆင့်မီ လက်ကား ဈေးကွက်”Wholesale Market” များ ပေါ်ပေါက်လာရေးအတွက်လည်း စနစ်တကျ စီမံဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

၂ဝ၁၇-၂ဝ၁၈ ခုနှစ် ဆန်စပါးထုတ်လုပ်မှုတွင် နိုင်ငံ၏စားနပ်ရိက္ခာဖူလုံသည် သာမက ပြည်ပသို့ ဆန်တန်ချိန် (၃) သန်းထိ တင်ပို့ရောင်းချနိုင်ခဲ့သဖြင့် နှစ်ပေါင်း (၇ဝ)အတွင်း စံချိန်သစ်တစ်ရပ် တင်နိုင်ခဲ့ပြီဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ပြည်ထောင်စုတစ်ဝန်းလုံးရှိ တောင်သူလယ်သမားများအပါအဝင် နိုင်ငံသား အားလုံး၏ ရေရှည်အမျိုးသားရေး အကျိုးစီးပွားအတွက် ကြုံတွေ့ရင်ဆိုင်ကြရမည့် စိန်ခေါ်မှုများနှင့် အတားအဆီးများ၊ အခက်အခဲမှန်သမျှတို့ကို ကျော်လွှားရန်အတွက် စုပေါင်းညီညာ ကြိုးပမ်းဆောင်ရွက်ကြပါရန် အလေးအနက်တိုက်တွန်းကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.