Connect with us

Politics, Law & Military

တရုတ် အထူးသံတမန် ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌနှင့် တွေ့ဆုံ

တရုတ်ပြည်သူ့  သမ္မတနိုင်ငံ အာရှရေးရာ အထူး သံတမန် Mr. Sun Guoxiang နှင့် အဖွဲ့  NRPC သို့  ရောက်ရှိလာစဉ်(ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အာရှရေးရာ အထူး သံတမန် Mr. Sun Guoxiang နှင့် အဖွဲ့သည် ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းအား နေပြည်တော် NRPC တွင် ယနေ့ နံနက် ၁၀ း ၀၀ နာရီ၌ လာရောက်တွေ့ဆုံခဲ့သည်။

ဒေါက်တာတင်မျိုးဝင်းက တရုတ်မြန်မာ နှစ်နိုင်ငံတို့သည် အစဉ်အလာအားဖြင့် ကာလကြာရှည်စွာ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံ မှုများ ရှိသည့်အတွက် မိမိတို့ ဆောင်ရွက်နေသော ငြိမ်းချမ်းရေးလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ရာ တွင် များစွာ အဆင်ပြေပါကြောင်း၊ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ အနေဖြင့် လိုအပ်သည်များ ရှိလာ သည့်အခါ အထူး ကိုယ်စားလှယ်ကြီးအား ပြောဆိုခဲ့ပါကြောင်း၊ အထူးကိုယ်စားလှယ် ကြီးဘက်ကလည်း လိုအပ်သည်များ ရှိပါက မိမိတို့ကို ဆွေမျိုးသားချင်း ညီရင်းအစ်ကိုများကဲ့သို့ သဘောထားပြီး အမြဲတမ်း ပြောဆိုနိုင်ပါကြောင်း ပြောကြားခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌအား တွေ့ဆုံစဉ် (ဆင်ဟွာ)

ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင်အား ငွေလှူဒါန်းစဉ် (ဆင်ဟွာ)

ထို့နောက် အထူး သံတမန်က ငြိမ်းချမ်းရေး ကော်မရှင်ထံ အမေရိကန် ဒေါ်လာ သုံးသိန်း ပေးအပ် လှူဒါန်းခဲ့ပြီး ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.