Connect with us

Politics, Law & Military

၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲ ရလဒ် အမည်စာရင်းများ ဧပြီ ၂ ရက်တွင် ကြေညာမည်

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၁ ရက်(ဆင်ဟွာ)

ယခု ကျင်းပခဲ့သည့် ၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ၏ ရလဒ် အမည်စာရင်းများအား ဧပြီ ၂ ရက် နံနက် ၉ နာရီမှသာ ကြေညာနိုင်တော့မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးလှသိန်းက ယနေ့ ဧပြီ ၁ ရက်တွင် ပြောကြားခဲ့သည်။

ရွေးကောက်ပွဲ ရလဒ်များအား စောလျင်စွာ တင်ပြလိုသော်လည်း ယခု အခါတွင် ဆန္ဒမဲ စာရင်းများ ပြုစုနေဆဲ အခြေအနေ ဖြစ်ကြောင်း ၊ ယနေ့ ဧပြီ ၁ ရက် ည ၉ နာရီ အချိန်တွင် ရလဒ်များ အတည်ပြု ကြေညာရန် အခြေအနေ မပေးသည့် အပေါ်ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက တောင်းပန် စကား ပြောကြားခဲ့သည်။

၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲတွင် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ၌် မကျင်းပနိုင်ခဲ့သည့် ရှမ်းပြည်နယ်ရှိ ကျေးသီးမြို့ နှင့် မိုင်းရှုး မြို့ များတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း ၊ ယခုအခါတွင် ကြားဖြတ်ရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ကြောင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဦးလှသိန်းက ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.