Connect with us

Politics, Law & Military

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှ ကဏ္ဍ ငါးခုအတွက် ဆွေးနွေး တင်ပြချက်များကို တရားဝင် စာအုပ် စာတမ်းများ အဖြစ် ပြန်လည် ထုတ်ဝေမည်

ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ အခမ်းအနားအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

ပထမဆုံး အကြိမ် ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ညီလာခံမှ ကဏ္ဍ ငါးခုအတွက် ဆွေးနွေး တင်ပြချက်များကို တရားဝင် စာအုပ် စာတမ်းများ အဖြစ် ပြန်လည် ထုတ်ဝေမည် ဖြစ်ကြောင်း အဆိုပါ ညီလာခံမှ သိရသည်။

အစိုးရအစု အဖွဲ့ကိုယ်စားလှယ်မှ ဦးခင်ရီက “ပြည်ထောင်စု ငြိမ်းချမ်း ရေးဆွေးနွေးပွဲ ညီလာခံက ဆွေးနွေး ချက်တွေကို စာအုပ် ထုတ်မယ်ဆိုတာ ဟုတ်ပါတယ်။ စုပေါင်းတဲ့ဟာကိုပဲ ထုတ်မလား၊ ဘယ်လို ထုတ်မလဲ ဆိုတာတော့ မသိသေးဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပါ အစည်းအဝေးတွင် ညီလာခံ ပထမနေ့နှင့် ဒုတိယနေ့များက အခန်း ခုနစ်ခန်းခွဲ၍ သီးခြား ဆွေးနွေးခဲ့ကြသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ကဏ္ဍငါးခုအား အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များ၊ လွှတ်တော်မှ ကိုယ်စားလှယ်များ၊ တပ်မတော်မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ကိုယ်စား လှယ်များ၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ပါဝင်သင့် ပါဝင် ထိုက်သူများ ပါဝင်သည့် အစုအဖွဲ့မှ ကိုယ်စားလှယ်များက ၎င်းတို့ သီးခြား ဆွေးနွေးခဲ့ကြသည့် စဉ်းစား ယူဆချက် များကို အခန်း ငါးခန်းခွဲကာ မိနစ် ၃ဝ စီ တင်ပြခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.