Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရေးကော်မတီ၏ အကြံပေးအဖွဲ့ဝင်တစ်ဦးအား အဖွဲ့၌ပါဝင်မှုကို ရပ်စဲ

အကြံပေးအဖွဲ့ဝင်တစ်ဦးအား အဖွဲ့၌ပါဝင်မှုကို ရပ်စဲသော သတင်းထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန)

ရန်ကုန်။ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရေးကော်မတီ၏ အကြံပေးအဖွဲ့ဝင်တစ်ဦးအား အဖွဲ့၌ ပါဝင်မှုကို ရပ်စဲရန် အစိုးရအနေဖြင့် ဆုံးဖြတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အဖွဲ့၌ပါဝင်မှုရပ်စဲခံရသော အကြံပေးအဖွဲ့ဝင် Governor Bill Richardsonသည် နေပြည်တော်တွင် ဇန်နဝါရီ ၂၂ရက်နေ့၌ ဆွေးနွေးမှုပြုလုပ်စဉ် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပေးချက်ပေါ် အခြေခံအကြံပေးခြင်းမျိုးမဟုတ်ဘဲ ၎င်းပုဂ္ဂိုလ်ရေး အကျိုးကို ရှေးရှု၍ ဆောင်ရွက်လိုမှု ထင်ရှားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ မတူညီသော ခံယူချက်များရှိခြင်းကြောင့် ၎င်းအနေဖြင့် အကြံပေးအဖွဲ့တွင် ဆက်လက်ပါဝင်ခြင်းသည် သက်ဆိုင်သူအားလုံးကို အကျိုးပြုမည်မဟုတ်သည့်အတွက် အကြံပေးအဖွဲ့တွင် ပါဝင်မှုကို ရပ်စဲရန် အစိုးရအနေဖြင့် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

H.E. Prof. Dr. Surakiart Sathirathai ဦးဆောင်သည့် အဖွဲ့ဝင်(၁ဝ)ဦးပါဝင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ အကြံပေး အဖွဲ့ကို ၂၀၁၇ခုနစ် အတွင်းဖွဲ့စည်းခဲ့သည်။(Xinhua)