Connect with us

Politics, Law & Military

ထာဝရငြိမ်းချမ်းရေးကို အမှန်လိုချင်သော ဆန္ဒအမှန်နှင့် အမြန်ဆုံးအောင်မြင်စွာ ကြိုးစားဆောင်ရွက်ရန် လိုဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆို

NCA စာချုပ်တွင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့  လက်မှတ်ထိုးခြင်း အခမ်းအနားအားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

ထာဝရငြိမ်းချမ်းရေးကို အမှန်တကယ်လိုချင်သည့် ဆန္ဒအမှန်နှင့် စိတ်ရှည်သည်းခံပြီး ဆက်လက် အမြန်ဆုံးအောင်မြင်အောင်စွာ ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်း ယနေ့ကျင်းပသော NCAလက်မှတ်ရေးထိုးခြင်း အခမ်းအနား၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံအနေဖြင့် လက်နက်ကိုင် ပဋိပက္ခများလုံးဝမရှိဘဲ တည်ငြိမ်အေးချမ်းမှုရှိလျှင် တောင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၌ အခြားနိုင်ငံများကိုမီအောင်၊ ရင်ဘောင်တန်းနိုင်အောင် များစွာ ကြိုးစားရုန်းကန်ရဦးမည်ဖြစ်ကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများ၏ ဆိုးကျိုးများကို ပထမဆုံး ရင်ဆိုင်နေရသူများသည် တပ်မတော်သားများနှင့် လက်နက်ကိုင် အဖွဲ့အစည်းများ

၏ ပဋိပက္ခကြားမှာ မြေစာပင်ဖြစ်နေသည့် ပြည်သူများဖြစ်ပြီး နောက်ဆက်တွဲဆိုးကျိုးများကိုလည်း ပြည်သူများ ခံစားနေရကြောင်း ၎င်းကဆိုသည်။

“ယခုထက်တိုင် အေးအတူပူအမျှ အတူတကွ လက်တွဲနေထိုင်လာခဲ့ကြတဲ့ တိုင်းရင်းသား ပြည်သူအားလုံးတို့အတွက် မှန်ကန်ရဲရင့်တဲ့ ဆုံးဖြတ်ချက်နဲ့ ဆက်လက် လျှောက်လှမ်းကြမယ့် မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး တို့ကို ဝမ်းမြောက်ဝမ်းသာ လှှိုက်လှဲနွေးထွေးစွာကြိုဆိုပါကြောင်း” ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) တွင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့ ပါဝင် လက်မှတ်ထိုးသည့် အခမ်းအနားကို နေပြည်တော် MICC II ၌ ယနေ့ နေ့လယ်ပိုင်းတွင်ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အဖွင့် အမှာစကား ပြောကြားခဲ့ပြီး အတူ တက်ရောက်ခဲ့သော တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မိန့်ခွန်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.