Connect with us

Politics, Law & Military

ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား တစ်ပေါင်းတည်း လေ့လာစိစစ်ရန် ဆုံးဖြတ်

ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ် အစည်းအဝေးခန်းမသို့  ကြွရောက်လာစဉ်။

နေပြည်တော်၊ မေ ၁၄ ရက်(ဆင်ဟွာ)

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်နှစ်ရပ် စလုံးမှ ဥပဒေကြမ်း ကော်မတီဝင်များ အားလုံး ပါဝင်ဖွဲ့စည်းထားသော ဥပဒေကြမ်း လေ့လာ စိစစ်ရေး ပူးပေါင်း ကော်မတီက တစ်ပေါင်းတည်း လေ့လာ စိစစ် ဆောင်ရွက်သွားရန် ပြည်ထောင်စု လွှတ် တော်က ယနေ့ ဆုံးဖြတ်ခဲ့သည်။

ဥိးသိန်းထွန်း ကျောင်းကုန်း မဲဆန္ဒနယ် အပါအဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၄၃ ဦးက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၃၊ ၄၃၅ နှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၃ တို့အရ ၂၀၁၉ မေလ ၈ ရက်နေ့ ရက်စွဲဖြင့် လက်မှတ်ရေးထိုး တင်ပြခဲ့သော ‘ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း’ နှင့် ပတ်သက်၍ ထိုဥပဒေကြမ်းအား လွှတ်တော်တွင် ဆက်လက်ပြီး သီးခြား ဆွေးနွေး အတည်ပြု ဆောင်ရွက်ခြင်းမပြုဘဲ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီက တင်သွင်းလာမည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းလာသည့် အချိန်၌ ထိုဥပဒေကြမ်းနှင့် တစ်ပေါင်းတည်း လေ့လာ စိစစ် ဆောင်ရွက်သွားရန် ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေးက ဆန္ဒမဲ ဖြင့် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

‘၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများကို ဆောလျင်စွာ ဆောင်ရွက်နိုင်ရေး အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ တစ်ရပ်ကို သင့်လျော်သည့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရန် လွှတ်တော်သို့ တိုက်တွန်းကြောင်း’ အရေးကြီးအဆိုကို မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄) အမျိုးသား လွှတ်တော် ကိုယ်စား လှယ် ဦးအောင်ကြည်ညွန့်က ၂၀၁၉ ဇန်နဝါရီ ၂၉ ရက်၌ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း ခဲ့သည်။ အဆိုပါ ဥပဒေကြမ်း ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းရန် လွှတ်တော်က စီစဉ်နေ စဉ်အတွင်း ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ဦးသိန်းထွန်း အပါအဝင် ကိုယ်စားလှယ် ၁၄၃ တို့က ‘ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း’ ကို လွှတ်တော်သို့ တင်သွင်းခဲ့ကြသည်။ ပူးပေါင်းကော်မတီ၏ အခြေခံ ဥပဒေ ပြင်ဆင်ချက် မူကြမ်း မထွက်လာမီ ၎င်းတို့၏ ဥပဒေကို သီးခြား ဆွေးနွေးအတည်ပြု ဆောင်ရွက်သင့်သည်ဟူသည့် သဘောထားများ အချေအတင် ဆွေးနွေးခဲ့ကြပြီးနောက် ယနေ့ ပြည်ထောင်စု လွှတ်တော်က ဆန္ဒမဲခွဲ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.