Connect with us

Politics, Law & Military

ထိုင်းနိုင်ငံ၏ ဥပဒေဘောင်အတွင်းမှ ရသင့်ရထိုက်သော အခွင့်အရေးများ ရရှိရန် ကြိုးစား ဆောင်ရွက်ပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ မဟာချိုင် မြို့၌ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများနှင့် တွေ့ဆုံ မိန့်ခွန်း ပြောကြားစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အတွက် ထိုင်းနိုင်ငံ၏ ဥပဒေဘောင်အတွင်းမှ ရသင့်ရထိုက်သော အခွင့်အရေးများ ရရှိရန် ကြိုးစားဆောင်ရွက်ပေးမည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဇွန်လ ၂၃ ရက် ထိုင်းနိုင်ငံ မဟာချိုင် မြို့၌ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံ လက်မှတ် (Certificate of Identity) C of I ရရှိရန် ကြိုးစား ဆောင်ရွက်လျက် ရှိကြောင်း၊ နောင်တွင်လည်း နိုင်ငံကူး လက်မှတ်များ ထုတ်ပေးရန် အစီအစဉ်များ ရှိကြောင်း၊ ထိုင်းနိုင်ငံသို့ လာရောက် ရခြင်းမှာ နှစ်နိုင်ငံအကြား နားလည်မှု ပိုရရှိစေရန်နှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက် စေရန်ဖြစ်ကြောင်း၊ ထိုသို့ဖြစ်ရန် နိုင်ငံသူနိုင်ငံသားများ အကြားနှင့် အစိုးရအချင်းချင်း အကြားတွင် နားလည်မှု၊ ချစ်ကြည်မှုရှိရန် လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဆိုသည်။

အဆိုပါ ရွှေ့ပြောင်း လုပ်သားများ အနေဖြင့်လည်း ထိုင်းအစိုးရ၏ အလုပ်သမား အခွင့်အရေး ဥပဒေများကို လေးစား လိုက်နာကြရန်နှင့် သိရှိ နားလည်အောင် ကြိုးစားရန်၊ အချင်းချင်း ရိုင်းပင်း ကူညီကြရန်၊ တာဝန်သိသူ ဖြစ်ရန်နှင့် စည်းစည်းလုံးလုံး နေထိုင် သွားကြရန်လည်း ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့သည်။

မြန်မာရွှေ့ပြောင်း အလုပ်သမားများက လုပ်အားခ တန်းတူညီမျှ ရရှိရေးနှင့် သက်သေခံ အထောက်အထား များပြုလုပ်ရာတွင် တွေ့ကြုံ ရသည့် အခက်အခဲများကို တင်ပြကြသည်။ (Xinhua)

ထိုင်းနိုင်ငံတွင် တရားဝင်မှတ်ပုံတင်၍ အလုပ်လုပ်ကိုင်နေသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားဦးရေ ၂ သန်းခန့်ရှိပြီး အထောက်အထားမဲ့ မြန်မာ အလုပ်သမားများစွာရှိနေကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.