Connect with us

Politics, Law & Military

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများမှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့ဆုံရန်စောင့်ဆိုင်း

ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs Myanmar)

ရန်ကုန်၊ ဇွန်၂၃ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများမှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့ဆုံရန် အရေအတွက်ကန့်သတ်ချက်ရှိသည့်အတွက် ခန်းမတွင်းဝင်ခွင့်မရသည့် မြန်မာနိုင်ငံသား အလုပ်သမားများသည် ခန်းမအပြင်ဘက်တွင် တွေ့ခွင့်ရရန်စောင့်ဆိုင်းလျက်ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံရန် ထိုင်းအစိုးရ၏ စီစဉ်ပေးမှုအရ ထိုင်းနိုင်ငံ စမွတ်စာခွန်းခရိုင် စမွတ်စာခွန်းမြို့ ထလေးထိုင်းဈေးခန်းမတွင် ထိုင်းရောက်မြန်မာအလုပ်သမားများနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရန် ဆောင်ရွက်ထားခဲ့ခြင်း ဖြစ်ပြီးအရေအတွက် ကန့်သတ်ချက်အရ ခန်းမတွင်း ဝင်ရောက်ခွင့် မရရှိသည့် ထိုင်းရောက် မြန်မာနိုင်ငံသားများမှာ ခန်းမ အပြင်ဘက်တွင် စုစည်း၍ တွေ့ဆုံနိုင်ရန် စောင့်ဆိုင်းခဲ့ကြသည်။
ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ရောက်ရှိနေသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ဒေသစံတော်ချိန် ၁၆း၂၅ နာရီအချိန်တွင် Samut Sakhon Province Stadium တွင် မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် တွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.