Connect with us

Politics, Law & Military

ထောက်ခံဆန္ဒမဲ ၃၆၀ ဖြင့် ဦးထင်ကျော် သမ္မတဖြစ်ဟု ပြည်ထောင်စုလွှတ်တော် ကြေညာ

ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော်မှ လျှို့ဝှက် ဆန္ဒမဲဖြင့် ရွေးချယ်ခဲ့သော နိုင်ငံတော်သမ္မတ ဦးထင်ကျော် (လယ်) ၊ ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေ (ဝဲ) ၊ ဒုတိယ သမ္မတ (၂) ဦးဟန်နရီ ဗန်ထီးယူ တို့အား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ် ၁၅ ရက် (ဆင်ဟွာ)

ပြည်ထောင်စု လွှတ်တော်တွင် ယနေ့ ဒုတိယ သမ္မတ သုံးဦးကို မဲခွဲပြီး ဆုံးဖြတ်ရာ ထောက်ခံမဲ ၃၆၀ ဖြင့် ပြည်သူ့လွှတ်တော်အစုအဖွဲ့ကတင်သွင်းသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးထင်ကျော်သည် နိုင်ငံတော် သမ္မတ ဖြစ်သွားကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ကကြေညာလိုက်သည်။

တပ်မတော်သားများ အစုအဖွဲ့ တင်သွင်းသော ဦးမြင့်ဆွေသည် ထောက်ခံမဲ ၂၁၃ မဲ ဖြင့် ဒုတိယ သမ္မတ (၁) ဖြစ်လာပြီး အမျိုးသားလွှတ်တော်အစုအဖွဲ့က တင်သွင်းသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဟန်နရီ ဗန်ထီးယူသည် ထောက်ခံမဲ ၇၉ မဲဖြင့် ဒုတိယ သမ္မတ (၂) ဖြစ်လာသည်။

ယနေ့ ပြည်ထောင်စု လွှတ်တော်သို့ တက်ရောက်ခွင့်ရှိသော လွှတ်တော် ကိုယ်စားလှယ် ၆၅၃ ဦးရှိရာ ၆၅၂ ဦး တက်ရောက်ခဲ့သည်။

သမ္မတ ရွေးချယ် တင်မြှောက်ပွဲတွင် သမ္မတ ရွေးချယ်မှုအတွက် လျှို့ဝှက် ဆန္ဒမဲပေးရာ ပြည်ထောင်စု လွှတ်တော် နာယက နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ၊ ဒေါ်အောင်ဆန်းစုကြည် နှင့် ကျန် ကိုယ်စားလှယ်များ မဲပေးခဲ့သည်။

ပြည်ထောင်စု လွှတ်တော်တွင် မဲပုံး သုံးပုံးရှိရာ မဲပုံး ၁ တွင် မဲ အရေအတွက် ၂၄၀ ၊ မဲပုံး ၂ တွင် မဲအရေအတွက် ၁၉၄ နှင့် မဲပုံး ၃ တွင် မဲအရေအတွက် ၂၁၈ စုစုပေါင်း မဲအရေ အတွက် ၆၅၂ မဲရှိပြီး ဆန္ဒမဲပေးမှု အထမြောက်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.