Connect with us

Politics, Law & Military

နိုင်ငံတော် သမ္မတ အား လျှို့ဝှက် ဆန္ဒမဲပေး ရွေးချယ်နေ

ရန်ကုန် ၊ မတ် ၁၅ ရက် (ဆင်ဟွာ)

ယနေ့ကျင်းပပြုလုပ်သော နိုင်ငံတော် သမ္မတ ရွေးချယ် တင်မြှောက်ပွဲတွင် နိုင်ငံတော် သမ္မတအား နိုင်ငံတော် သမ္မတ ရွေးချယ် တင်မြှောက်ရေး အဖွဲ့ဝင်များဖြစ်သည့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များက လျှို့ဝှက် ဆန္ဒပြု၍ ဆန္ဒမဲလက်မှတ်ဖြင့် မဲပေး ရွေးချယ်နေကြပြီ ဖြစ်သည်။

နိုင်ငံတော် သမ္မတ ရွေးချယ် တင်မြှောက်ပွဲသို့ တက်ရောက်ခွင့် ရှိသူ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၆၅၃ ဦး ရှိသည့် အနက် ၆၅၂ ဦး တက်ရောက်ခဲ့ပြီး ၉၉.၈၅ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်မှ လိျှု့ဝှက် ဆန္ဒမဲပေးနေစဉ် (ဆင်ဟွာ)

ဒုတိယ သမ္မတ ဦးဟန်နရီ ဗန်ထီးယူ မှ လျှို့ဝှက် ဆန္ဒမဲပေးနေစဉ် (ဆင်ဟွာ)

ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များက လျှို့ဝှက်ဆန္ဒမဲပေး၍ နိုင်ငံတော်သမ္မတ ရွေးချယ်နေစဉ် (ဆင်ဟွာ)

ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များက လျှို့ဝှက်ဆန္ဒမဲပေး၍ နိုင်ငံတော်သမ္မတ ရွေးချယ်နေစဉ် (ဆင်ဟွာ)

ထိုသို့ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များက လျှို့ဝှက် ဆန္ဒပြု မဲပေး ရွေးချယ်ပြီးနောက် ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများအဖြစ် ရွေးချယ် တင်မြှောက်ခံရသူ၏ အမည်များကို ကြေညာခြင်းများ ပြုလုပ်သွားမည် ဖြစ်သည်။

ဒုတိယ သမ္မတများ ဖြစ်ကြသည့် ဦးထင်ကျော် ၊ ဦးဟန်နရီဗန်ထီးယူ နှင့် ဦးမြင့်ဆွေတို့သည် နိုင်ငံတော် သမ္မတ နှင့် ဒုတိယ သမ္မတများအတွက် သတ်မှတ်ထားသည့် အရည်အချင်းနှင့် ပြည့်စုံသူများ ဖြစ်ကြောင်း စိစစ်ရေး အဖွဲ့၏ စိစစ်တွေ့ရှိချက်ကို ယမန့်နေ့ မတ် ၁၄ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ကြေညာခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.