Connect with us

Politics, Law & Military

ဘားအံမြို့နယ်တွင် လက်နက်/ခဲယမ်းများနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူတို့အားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ မတ် ၁၄ ရက် (ဆင်ဟွာ)

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် လက်နက်/ခဲယမ်းများနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မတ် ၁၂ ရက်နေ့ ၀၁း၃၀ နာရီအချိန် ဘားအံခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၆)ရပ်ကွက်၊ ဇွဲကပင်လမ်းနေ တင်ဝင်းသန်း၏နေအိမ်ကိုဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇၀ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံး တို့ကိုလည်းကောင်း၊ ၁၀း၃၀နာရီ အချိန် ဘားအံမြို့နယ်၊ နောင်သရမ်းကျေးရွာနေ စောကျော်သူရသည် မော်တော်ယာဉ်နှင့်အတူ တင်ဝင်းသိန်း၏ နေအိမ်သို့ရောက်ရှိလာ၍ရှာဖွေရာ စောကျော်သူရထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ ပြား၊ ခြောက်လုံးပြူး သေနတ် တစ်လက်၊ ၎င်းကျည် ၆ တောင့်နှင့် လက်ကိုင်ဖုန်းတစ်လုံး တို့ကိုလည်းကောင်း၊ ကွင်းဆက်အရ ၁၇၀၀ အချိန် ဘားအံမြို့နယ်၊ ကျုံဒိုး-ဂျိုင်း တံတားစစ်ဆေးရေးဂိတ်တွင် စောနိုင်ဦး မောင်းနှင်ပြီး စောမီရော် လိုက်ပါလာသည့် မော်တော်ယာဉ်ရောက်ရှိလာ၍ရှာဖွေရာ စောမီရော်ထံမှ စိတ်ကြွရူးသွပ် ဆေးပြား ၂,၀၀၀ ပြား၊ လုပ်သေနတ် တစ်လက်၊ ပွိုင့် ၄၅ ကျည် ၁၃ တောင့်၊ စောနိုင်ဦး၏လွယ်အိတ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ပြား နှင့် လက်ကိုင်ဖုန်းနှစ်လုံး တို့ကိုလည်းကောင်း သိမ်းဆည်း ရမိခဲ့သဖြင့် တင်ဝင်းသန်း(၄၂)နှစ်၊ စောကျော်သူရ(၃၉)နှစ်၊ စောနိုင်ဦး (၄၂)နှစ်နှင့် စောမီရော် (၃၃)နှစ် တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.