Connect with us

Politics, Law & Military

ဒုတိယအကြိမ် ပြင်ဆင်သည့် ရပ်/ကျေး ဥပဒေ ဆွေးနွေးမည့် ကိုယ်စားလှယ်များ ဇန်နဝါရီလ ၅ ရက်တွင် နောက်ဆုံး အမည်စာရင်း ပေးသွင်းရမည်

ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း နှင့် ပတ်သက်၍ ဇန်နဝါရီ လ ၅ ရက်နေ့တွင် ဆွေးနွေးမည့် လွှတ်တော် ကိုယ်စားလှယ်များ နောက်ဆုံး အမည်စာရင်း ပေးသွင်းရမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဒီဇင်ဘာလ ၃၀ ရက်နေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းတွင် အပိုဒ် (၂) ပိုဒ် ပါရှိပြီး မူလ ဥပဒေကြမ်း၏ ပုဒ်မ ၉ အား အစားထိုး ပြင်ဆင်ခြင်း ဖြစ်ကြောင်း ဥပဒေကြမ်း ကော်မတီမှ အတွင်းရေးမှူး ဦးစောလှထွန်းက ယနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ဥပဒေကြမ်း ကော်မတီ၏ လေ့လာ တွေ့ရှိချက်အား လွှတ်တော်သို့ တင်ပြခဲ့သည်။

ပုဒ်မ ၉ ပါ ပြည်သူ့လွှတ်တော်၏ သက်တမ်း နှင့်အညီ ဟူသော စကားရပ် နေရာတွင် နိုင်ငံတော် သမ္မတ၏ ရာထူး သက်တမ်း အတိုင်း ဟူ၍ စကားရပ်ကို အစားထိုး ပြင်ဆင်ရခြင် းဖြစ်ကြောင်း သိရသည်။ (Xinhua)
———————————————-

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.