Connect with us

Politics, Law & Military

ဖားကန့်ကိစ္စအား ဘက်ပေါင်းစုံမှ ပြန်လည် သုံးသပ်ပြီး အလေးအနက်ထား ဆောင်ရွက်သွားရန် လိုအပ် ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း ပြောကြား

ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း ယနေ့ ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ရှင်းလင်းပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် ၊ ဖားကန့်ဒေသတွင် မြေစာတောင်ပြိုမှုများ ၊ စွမ်းအား ကြီးမားသည့် မြေသယ် ယာဉ်ကြီးများ ရောက်ရှိ နေခြင်းများ အပေါ် ပြည်ထောင်စု အစိုးရ အဖွဲ့မှ နည်းလမ်း သုံးရပ်ဖြင့် ဆောင်ရွက်မည် ဆိုသည့် ကိစ္စအား ဘက်ပေါင်းစုံမှ ပြန်လည် သုံးသပ်ပြီး အလေးအနက်ထား ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ယနေ့ဒီဇင်ဘာ ၂၈ ရက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ရှင်းလင်း ပြောကြားခဲ့သည်။

ဖားကန့် ကိစ္စနှင့် ပတ်သက်၍ သတ္တုတွင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင်က လွှတ်တော်၌ လာရောက် ရှင်းလင်း ပြောကြားရာတွင် ပြည်ထောင်စုအစိုးရအနေဖြင့် ဖြေရှင်းရန် စီစဉ်ထားသည့် နည်းလမ်း (၃) ခုမှာ လုံခင်း၊ ဖားကန့် ရတနာ နယ်မြေတွင် ကျောက်စိမ်း တူးဖော်ခြင်း လုပ်ငန်းများကို လုံးဝ ပိတ်သိမ်းခြင်း သို့မဟုတ် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ (၁၄၄) အမိန့် ထုတ်ပြန်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဖြင့် ထိန်းသိမ်းခြင်း သို့မဟုတ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (ခ) အရ အုပ်ချုပ်ရေး ၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တရား ဥပဒေ စိုးမိုးရေးတို့အတွက် စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်ခြင်း တို့ ဖြစ်သည်ဟု ရှင်းလင်း ဖြေကြားခဲ့သည်။

ထိုကိစ္စနှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်များက ဝင်ရောက် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီးနောက် ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ယနေ့ဖြေရှင်းရမည်မှာ သတ္တုတွင်း ဝန်ကြီးဌာန တစ်ခုတည်း မဟုတ်ဘဲ ပြည်ထဲရေး ဝန်ကြီးဌာန ၊ ကာကွယ်ရေး ဝန်ကြီးဌာန ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာ ဝန်ကြီးဌာန ၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနများ အပြင် ပြည်ထောင်စု အစိုးရ ၊ တိုင်းဒေသကြီး အစိုးရ အားလုံး ပါဝင်ပြီး ဆွေးနွေး စဉ်းစား ဆုံးဖြတ် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ထိုကြောင့် သတ္တုတွင်း ဝန်ကြီးဌာနမှ ဆွေးနွေးသွားသည့် ဆွေးနွေးချက်ကို မှတ်တမ်း အဖြစ် ထားရှိမည် ဖြစ်ပြီး ဆွေးနွေးချက်တွင် ပါဝင်သည့် နည်းလမ်း သုံးသွယ် အနက် မည်သည်နည်းဖြင့် ဖြေရှင်း ဆောင်ရွက်မည် ဆိုသည်မှာလည်း ယနေ့ဘက်စုံ ထောင့်စုံမှ မပါသည့် အတွက် ထိုဖြေရှင်းချက်သည် တကယ် အကျိုး ရှိ/မရှိ ၊ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး အတွက် သော်လည်းကောင်း ၊ ငြိမ်းချမ်းရေး အတွက် သော်လည်းကောင်း ၊ နိုင်ငံတွင် အင်မတန်မှ အခက်အခဲ ဖြစ်နေသည့် အလုပ်အကိုင် မရှိသည့် ၊ ဆင်းရဲနေသည့် နိုင်ငံသားများ အတွက် အကျိုး ရှိ/မရှိ ပြန်လည် သုံးသပ်ရန် ဖြစ်ပါကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ထိုကြောင့် နည်းလမ်း သုံးရပ်ဖြင့် ဆောင်ရွက်မည် ဆိုသည့် ကိစ္စအား လွှတ်တော်မှ တဆင့် အစိုးရ အဖွဲ့အား တင်ပြချင်သည်မှာ ပြန်လည် သုံးသပ်ပြီး အားလုံးအတွက် အကျိုးရှိမည့် ကိစ္စတစ်ခု ဖြစ်အောင် ပြန်လည် သုံးသပ် ဆောင်ရွက် ပေးပါရန်နှင့် လွှတ်တော်တွင် ဆွေးနွေးချက်များအား မှတ်တမ်းတင် ထားရှိမှာ ဖြစ်ကြောင်း ကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.