Connect with us

Politics, Law & Military

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့ လွှတ်တော်တွင် အတည်ပြု

ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ဒီဇင်ဘာလ ၃၁ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြု လိုက်သည်။

ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းတွင် အပိုဒ် (၂) ပိုဒ်ပါရှိပြီး မူလ ဥပဒေကြမ်း၏ ပုဒ်မ ၉ အား အစားထိုး ပြင်ဆင်ခြင်း ဖြစ်ကြောင်း ဥပဒေကြမ်း ကော်မတီမှ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တင်ပြခဲ့သည့် ပြင်ဆင်ချက်အား ပြည်သူ့ လွှတ်တော်မှ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

၎င်းပြင်ဆင်ချက်မှာ ပုဒ်မ ၉ ပါ ပြည်သူ့လွှတ်တော်၏ သက်တမ်း နှင့်အညီ ဟူသော စကားရပ်နေရာတွင် နိုင်ငံတော် သမ္မတ၏ ရာထူး သက်တမ်း အတိုင်း ဟူ၍ စကားရပ်ကို အစားထိုး ပြင်ဆင်ရခြင်း ဖြစ်ကြောင်း ဆိုသည့် အချက်အား ပြည်သူ့ လွှတ်တော်မှ အတည်ပြုလိုက်ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.