Connect with us

Politics, Law & Military

အစိုးရ တာဝန် မလွှဲပြောင်းမီ နိုင်ငံပိုင် စီမံကိန်း လုပ်ငန်း သယံဇာတများ အလျင်အမြန် စီမံခန့်ခွဲနေမှုများအား စိစစ် ဟန့်တား ထိန်းကျောင်း တည့်မတ်ပေးရန် အရေးကြီး အဆို လွှတ်တော်မှ အတည်ပြု

ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန် အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

အစိုးရ တာဝန် မလွှဲပြောင်းမီ နိုင်ငံပိုင် စီမံကိန်း လုပ်ငန်း သယံဇာတများအား အလျင်အမြန် စီမံခန့်ခွဲနေမှု တို့ကို နိုင်ငံတော်နှင့် နိုင်ငံသားတို့အကျိုးအတွက် အသေးစိတ် စိစစ် ဟန့်တား၍ ထိန်းကျောင်း တည့်မတ် ပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အရေးကြီး အဆိုအား ယနေ့ဖေဖော်ဝါရီလ ၂၆ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

ယင်းအဆိုအား ပုလဲ မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က တင်သွင်းခဲ့ခြင်း ဖြစ်ပြီး နိုင်ငံတော်အစိုးရက ရွေးကောက်ပွဲပြီးနောက်ပိုင်း ဆောင်ရွက်နေသော နိုင်ငံပိုင်မြေ ၊ နိုင်ငံပိုင်စက်ရုံများ ၊ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများကို အလျင်စလို ဌားရမ်း လွှဲပြောင်း ရောင်းချနေမှု ၊ ပုဂ္ဂလိကပိုင် ပြုလုပ်မူ ၊ စီမံကိန်းများကို နေရာတကျ မစီမံပဲ အဆောတလျင်ခွင့် ပြုနေမူ ၊ ကျူးကျော်များကို အဓမ္မ ဖယ်ရှားမှု ၊ နိုင်ငံပိုင် သယံဇာတများကို လိုအပ်သော ဆောင်ရွက်မှုများ သဘောတူ ညှိနှိုင်းမှုများ မပြုလုပ်ပဲ အစိုးရတာဝန် မလွှဲပြောင်းမီ အလျင်အမြန် စီမံခန့်ခွဲနေမှု စသည်တို့ကို နိုင်ငံတော်နှင့် နိုင်ငံသားတို့အကျိုးအတွက် အသေးစိတ် စိစစ် ဟန့်တား၍ ထိန်းကျောင်း တည့်မတ်ပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အရေးကြီး အဆို တင်သွင်းခဲ့ခြင်း ဖြစ်သည်။

အဆိုနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ် ၁၂ ဦး ပါဝင် ဆွေးနွေးခဲ့ပြီးနောက် အရေးကြီး အဆိုများကို ဖြေရှင်း ဆွေးနွေးရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများကို အချိန်မီ စေလွှတ်ပေးနိုင်ခြင်း မရှိပါကြောင်း ပြည်ထောင်စု အစိုးရ အဖွဲ့မှ အကြောင်းပြန်ကြားခဲ့သဖြင့် အဆိုရှင်၏ သဘောဆန္ဒအတိုင်း လွှတ်တော်၏ အဆုံး အဖြတ် ရယူခဲ့ရာတွင် ထောက်ခံ ဆန္ဒမဲ ၂၇၁ မဲ ၊ ကန့်ကွက် ဆန္ဒမဲ ၁၃၈ မဲ ၊ ကြားနေ ဆန္ဒမဲ ၇ မဲဖြင့် အတည်ပြုခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.