Connect with us

Politics, Law & Military

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးဖေဖော်ဝါရီလ ၁ ရက်နေ့ ကျင်းပမည်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေး ကျင်းပမည့်ကြေညာချက် အားတွေ့ရစဉ် (ဓာတ်ပုံ- သူရဦးရွှေမန်းဖေ့ဘွတ်ခ်)

ရန်ကုန်၊ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေးကို နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် (တနင်္လာနေ့) တွင် စတင်ကျင်းပရန် စာများပို့ထားပြီးဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ကြေညာချက်ထုတ်ပြန်သည်။

ထိုသို့ခေါ်ယူရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပါ အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များထံသို့ ပေးပို့ထားကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အစည်းအဝေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ဖိတ်စာလက်ခံရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ နေပြည်တော် ရုံးအမှတ်(၂၀)၊ လွှတ်တော်ရုံးသို့ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် (တနင်္လာနေ့) ထက်မစော၊ ဇန်နဝါရီလ ၂၆ ရက်နေ့ (အင်္ဂါနေ့) ထက် နောက်မကျစေဘဲ သတင်းပို့ကြရမည်ဟု အဆိုပါထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

ပထမအကြိမ် လွှတ်တော် အစည်းအဝေး၏ လွှတ်တော်သက်တမ်းသည် ဇန်နဝါရီ ၃၀ ရက်နေ့ အထိဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.