Connect with us

Politics, Law & Military

ဒုတိယ အကြိမ် အမျိုးသား လွှတ်တော် ပထမ ပုံမှန် အစည်းအဝေး ဖေဖော်ဝါရီ ၁ ရက်နေ့ကျင်းပရန် ခေါ်ယူ

အမျိုးသား လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

ဒုတိယ အကြိမ် အမျိုးသား လွှတ်တော် ပထမ ပုံမှန် အစည်းအဝေးကို နေပြည်တော်၌ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင် ကျင်းပရန် ယနေ့ဇန်နဝါရီ ၆ ရက်တွင် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က လက်မှတ် ရေးထိုး ထုတ်ပြန် ခဲ့သည်။

ထို့အတူ ဒုတိယ အကြိမ်၊ ပြည်သူ့ လွှတ်တော် ပထမ ပုံမှန် အစည်းအဝေး ကိုလည်း ဖေဖော်ဝါရီလ ၁ ရက်တွင် စတင် ကျင်းပရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ယနေ့လက်မှတ် ရေးထိုး ထုတ်ပြန်ခဲ့သည်။

ပထမအကြိမ် လွှတ်တော် အစည်းအဝေး၏ လွှတ်တော် သက်တမ်းသည် ဇန်နဝါရီလ ၃၀ ရက်နေ့ အထိ ဖြစ်သည်။

ဒုတိယ အကြိမ် ပြည်သူ့ လွှတ်တော် နှင့် အမျိုးသား လွှတ်တော်တို့တွင် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ အတွင်းက ကျင်းပခဲ့သော ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ၌ အနိုင် ရရှိခဲ့သည့် ပါတီ အသီးသီးမှ လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.