Connect with us

Politics, Law & Military

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ပထမနေ့အား ယနေ့စတင်ကျင်းပ

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ပထမနေ့အား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ ဖေဖော်ဝါရီ ၁ ရက်(ဆင်ဟွာ)

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ပထမနေ့အား ယနေ့ဖေဖော်ဝါရီ ၁ ရက်နေ့နံနက် ၁၀ နာရီ အချိန်တွင် နေပြည်တော်၌ စတင် ကျင်းပပြုလုပ်ခဲ့သည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့အား ရွေးချယ် တင်မြှောက်နိုင်ရေး အတွက် သဘာပတိ တင်မြှောက်ခြင်း ၊ သဘာပတိ ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း ၊ နှုတ်ခွန်းဆက်စကားပြောကြားခြင်း ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုး ခြင်းနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌများ ရွေးချယ် တင်မြှောက်ခြင်း ၊ သဘာပတိက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအား တာဝန်လွှဲအပ်ခြင်း နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားခြင်းများ ပြုလုပ်မည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.