Connect with us

Politics, Law & Military

ကျိုင်းလပ်-တာလေသွား ကားလမ်းမပေါ်တွင် ကျပ်သိန်းပေါင်း (၅၅၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများအားမြင်တွေ့ရစဉ် (ဓာတ်ပုံ-- တာချီလိတ်မူးယစ်)

ရန်ကုန်၊ဇန်နဝါရီ၃၁ရက်(ဆင်ဟွာ)

ဇန်နဝါရီ ၃၀ ရက်နေ့ နံနက် ၁၀း၄၅ နာရီ အချိန်တွင် ကျိုင်းလပ်မြို့နယ်၊ မိုင်းပါလျှိုးကျေးရွာအုပ်စု၊ နမ့်ကိုင်းရွာ ရှေ့တန်းတပ်စခန်းအနီး ကျိုင်းလပ်-တာလေသွား ကားလမ်းမပေါ်တွင် ကျပ်သိန်းပေါင်း (၅၅၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိကြောင်း တာချီလိတ်မူးယစ်မှ သတင်းထုတ်ပြန်သည်။

၃၀-၁-၂၀၁၆ ရက်နေ့ နံနက် ၁၀း၄၅ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ၊ အမှတ်(၃၁၆)ခြေမြန်တပ်ရင်းမှ တပ်ဖွဲ့ဝင်များ၊ မိုင်းပါလျှိုးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ သတင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ကျိုင်းလပ်မြို့နယ်၊ မိုင်းပါလျှိုးအုပ်စု၊ နမ့်ကိုင်းရွာရှေ့တန်း တပ်စခန်းကုန်းအနီး ပိတ်ဆို့စစ်ဆေးရှာဖွေနေစဉ် ကျိုင်းလပ်ဘက်မှ တာလေဘက်သို့ မောင်းနင်လာသည့် SHN 7G —- နံပါတ်ပါ PAJERO SPORT (ပါဂျဲရိုးစပေါ့) အမျိုးအစား အဖြူရောင် မော်တော်ယာဉ်သည် ပိတ်ဆို့စစ်ဆေးသည့်နေရာနှင့် မီတာ(၇၀)ခန့်အကွာတွင် ရပ်တန့်၍ ယာဉ်ပေါ်မှ အမျိုးသား (၂)ဦးမှာ လမ်းဘေးတောအတွင်း ထွက်ပြေးသွားသဖြင့် ပူးပေါင်းအဖွဲ့မှ ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးရာ (၁)ဦး လွတ်မြောက်သွားခဲ့ပြီး ကျဟား(ကျား)အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ လမ်းပေါ်တွင် ရပ်ထားသည့် မော်တော်ယာဉ်အား သက်သေများနှင့်အတူ စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်နောက်ခန်းအတွင်း ဆာလာအိတ်များဖြင့် ထည့်လျက် (၁)အိတ်လျင် ကဖင်း အလေးချိန် (၂၅)ကီလိုဂရမ်ခန့်စီပါ (၂၆)အိတ်နှင့် (၄၄)ကီလိုဂရမ်ခန့်စီပါ (၁)အိတ်၊ စုစုပေါင်း အလေးချိန် (၆၉၄)ကီလိုဂရမ်ခန့်၊ ကာလတန်ဖိုး ကျပ်သိန်းပေါင်း (၅၅၅.၂)သိန်းကျော်ခန့်အား သိမ်းဆည်းရမိခဲ့ပါသည်။

သို့ဖြစ်၍ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ ကျဟား (၄၅)နှစ်နှင့် ထွက်ပြေးလွတ်မြောက်သွားသူ တိမ်းရှောင်တရားခံ အိုက်နွန် (၃၅)နှစ်တို့အား မိုင်းပါလျှိုးနယ်မြေရဲစခန်း မယ(ပ)၃/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ခ)/၂၁ အရ အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.