Connect with us

Politics, Law & Military

USDP ပါတီတွင်း အရေးပေါ် ညီလာခံ ကျင်းပပေးရန် ပါတီဝင် ၁၀၀ ကျော် လက်မှတ် ရေးထိုး တောင်းဆို

ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာ နှင့်အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးရွှေမန်း သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ( USDP) တွင်း အရေးပေါ် ညီလာခံ ကျင်းပပေးရန် ပါတီဝင် ၁၀၀ ကျော်က ယနေ့ (ဧပြီလ ၂၉ရက်) လက်မှတ် ရေးထိုး တင်ပြ တောင်းဆိုလိုက်ကြောင်း USDP ပါတီထံမှ စုံစမ်း သိရှိရသည်။

သူရ ဦးရွှေမန်း အပါအဝင် ဗဟိုကော်မတီဝင် ၁၇ နှစ်ဦးကို ပြည်ခိုင်ဖြိုး ပါတီ ဗဟိုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ပါတီကနေ ထုတ်ပယ်လိုက်သည့် ကိစ္စ၊ ၂၀၁၅ ခုနှစ်သြဂုတ်လ ၁၂ ရက်နေ့ည က ပြည်ခိုင်ဖြိုး ပါတီတွင်း ဖြစ်ပွားခဲ့သော သန်းခေါင်ယံ ပြဿနာများကြောင့် လက်ရှိ အခြေအနေသည် ပြည်ခိုင်ဖြိုး ပါတီတွင်း ဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်း အရ ဗဟိုကော်မတီ အစည်းအဝေးကို ကျင်းပရမည့် အချိန် ဖြစ်ကြောင်း လက်မှတ်ထိုး တင်ပြ တောင်းဆိုမှုတွင် ဖော်ပြထားသည်။
အဆိုပါ USDP ပါတီ၏ ဦးဆောင်မှု အခန်းကဏ္ဍကို မြှင့်တင်နိုင်ရေး၊ ပါတီ အမှုဆောင် အဆင့်ဆင့် ပြန်လည် ရွေးချယ်ရေးတို့ အတွက် ပါတီအရေးပေါ် ညီလာခံ တစ်ရပ် ခေါ်ယူပေးရန် ပြည်ခိုင်ဖြိုးပါတီ၏ ဗဟို ကော်မတီ အဖွဲ့ဝင် ၂၁၉ ဦး ရှိသည့်အနက် ထက်ဝက်ကျော် ဖြစ်သော ၁၃၆ ဦးက လက်မှတ် ရေးထိုးပြီး တင်ပြ တောင်းဆိုထား လိုက်သည်။
ယင်း အရေးပေါ် ညီလာခံ ခေါ်ယူပေးရန် တောင်းဆိုမှုတွင် ပါတီမှ ထုတ်ပယ်ခံရသော သူရ ဦးရွှေမန်း အပါအဝင် ၁၇ ဦးလည်း လက်မှတ် ရေးထိုး တောင်းဆို ထားသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ အရေးပေါ် ညီလာခံကို မေလ ၂၈ (သို့) မေလ ၂၉ ရက်တွင် ကျင်းပပေးရန် ပါတီ ဥက္ကဋ္ဌ ယခင် သမ္မတဟောင်း ဦးသိန်းစိန်ထံသို့ တင်ပြ တောင်းဆိုထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.