Connect with us

Politics, Law & Military

ဒေါ်အောင်ဆန်းစုကြည် မှ ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၁ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အလှူဒါန ပြုလုပ်

အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၁ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် အဖြစ် ဆရာတော်ကြီး တစ်ပါးနှင့် သာမဏေများအား အလှူဒါန ပြုလုပ်နေစဉ် (ဓာတ်ပုံ- NLD Chairperson Facebook)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၁ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ဥတ္တရသီရိမြို့ နေအိမ်၌ ကုသိုလ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပင့်ဖိတ်ထားသည့် နေပြည်တော်မှ ဥတ္တရသီရိမြို့နယ် သစ်ဝင်တိုင် သီရိမင်္ဂလာ ကျောင်းတိုက်မှ ဆရာတော်ကြီး အမှူးပြု၍ သာမဏေ တစ်ပါး၊ ဒက္ခိဏသီရိ မြို့နယ် ရန်အောင်မြင်ရွာ၊ အုန်းတော ကျောင်းတိုက်မှ သာမဏေ တစ်ပါး၊ ထန်းတော ကျောင်းတိုက်မှ သာမဏေ တစ်ပါး၊ တပ်ကုန်းမြို့နယ် ငွေတောင် တောရ ကျောင်းတိုက်မှ သာမဏေ နှစ်ပါး၊ ဇေယျာသီရိမြို့နယ် သီရိရတနာ ဒုံတော ကျောင်းတိုက်မှ သာမဏေ နှစ်ပါး၊ ဇဗ္ဗူသီရိမြို့နယ် လက်ပံခါးလှ ကျောင်းတိုက်မှ သာမဏေ နှစ်ပါး၊ လယ်ဝေးမြို့နယ် ပြည်တော်အေး ကျောင်းတိုက်မှ သာမဏေ နှစ်ပါး၊ ပုဗ္ဗ္ပသီရိမြို့နယ် တောင်နီလေး ကျောင်းတိုက်မှ သာမဏေ နှစ်ပါး တို့အား နေ့ဆွမ်း၊ သင်္ကန်းနှင့် ရဟန်းတော်သုံး ပစ္စည်းများ ဆက်ကပ် လှူဒါန်းပြီး တရားတော်နာယူ ခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်က “ မြန်မာပြည်က လူငယ်တွေကို ဖေဖေ့လို ဖြစ်စေချင်တယ်’’ ဟု ယနေ့ ၎င်း၏ နေအိမ်တွင် ပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်တွင် ကျရောက်သော အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၁ နှစ်မြောက် မွေးနေ့တွင် ဗိုလ်ချုပ် မွေးနေ့ အထိမ်းအမှတ်အဖြစ် အခမ်းအနားပွဲများကို နိုင်ငံ တစ်ဝန်းရှိ မြို့နယ် အများအပြားတွင် ကျင်းပ ခဲ့ကြကြောင်းလည်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.