Connect with us

Politics, Law & Military

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုးအုပ်စု၊ ယန်းခမ်း(၂)ရွာ တွင် ကျပ်သိန်း ၂,၅၀၀ တန်ဖိုးရှိ စိတ်ကြွဆေးများ နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ နှင့် လက်နက်များကို ဦးစိုင်းအေး၏ ဇနီးဒေါ်နန်းဝိုးနှင့် အတူူတွေ့ရစဉ် (ဓာတ်ပုံ- မြဝတီ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုးအုပ်စု၊ ယန်းခမ်း (၂) ရွာ ရှိဦးစိုင်းအေး ၄၆ နှစ် ၏ နေအိမ်အား တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးရာ နေအိမ်အတွင်းမှ ဦးစိုင်းအေး၏ ဇနီး ဒေါ်နန်းဝိုးနှင့် အတူ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား တစ်သိန်း (တန်ဖိုး ကျပ်သိန်း၂,၅ဝဝ) နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်း ရမိကြောင်း သတင်းထုတ်ပြန်သည်။

အဆိုပါ နေအိမ်အား ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၅ နာရီခန့်တွင် ပူးပေါင်း အဖွဲ့မှ သွားရောက် စစ်ဆေးကြကြောင်း သိရသည်။

ကျပ်သိန်း ၂၅၅ တန်ဖိုးရှိသည့် စိတ်ကြွရူးသွပ်ဆေးပြားများ နှင့် အတူ ကဖင်း ၁၉ ကီလိုဂရမ်ခန့် (တန်ဖိုးကျပ် ၁၅ သိန်းကျော်ခန့်)၊ ဆူဒို အက်ဖီဒရင်းဆေးပြား ၁,ဝဝဝ (တန်ဖိုး ကျပ်တစ်သိန်းခန့်)၊ ပွိုင့်-၃၈ ပစ္စတိုတစ်လက်၊ တူမီးသေနတ်တစ်လက်၊ လေသေနတ် နှစ်လက်၊ အမ်-၉၁ လက်ပစ်ဗုံး တစ်လုံး၊ စိတ်ကြွရူးသွပ်ဆေးပြားရိုက်ရာတွင် အသုံးပြုသည့် WY စာတန်းပါ သံမှို ၁၂ ချောင်းနှင့် သံထည် ငါးခု၊ မော်တော်ယာဉ်မျိုးစုံ ငါးစီး၊ မော်တော်ဆိုင်ကယ် ခုနစ်စးီ တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

၎င်းပိုင်ဆိုင်သည့် ရော်ဘာခြံအား ဆက်လက် စစ်ဆေး ရှာဖွေခဲ့ရာ ခြံတဲအတွင်းမှ လေသေနတ် တစ်လက်၊ ကဖင်း ၃ ကီလိုခန့် (တန်ဖိုးကျပ်နှစ်သိန်းကျော်ခန့်) နှင့် စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာတွင် အသုံးပြုသည့် အဖြူရောင် အနံ့မှုန့် ၂ ကီလိုခန့်အား ထပ်မံသိမ်းဆည်း ရမိခဲ့ကြောင်း၊ ထွက်ပြေး တိမ်းရှောင်လျက်ရှိသော တရားခံ ဦးစိုင်းအေးအား ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.