Connect with us

Politics, Law & Military

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် တံဆိပ်ခေါင်းထုတ်ဝေမည်

နိုင်ငံခြားရေးဝန်ကြီးဌာန၏ အမှတ်တံဆိပ်အားတွေ့ရစဉ်(ဓာတ်ပုံ-MOFA)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

နိုင်ငံခြားရေးဝန်ကြီးဌာန နှစ်(၇၀)ပြည့်မြောက် အခမ်းအနားအတွက် ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် တံဆိပ်ခေါင်း ထုတ်ဝေမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ အထိမ်းအမှတ်တံဆိပ်ခေါင်းကို နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပထမဆုံးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဗိုလ်ချုပ်အောင်ဆန်း၏ပုံဖြင့် ထုတ်ဝေမည်ဖြစ်သောကြောင့် နှစ်ပေါင်းများစွာအတွင်း ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် ပထမဆုံးအကြိမ် တံဆိပ်ခေါင်းပြန်လည်ထုတ်ဝေခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် သံတမန်ထူထောင်မှု နှစ်ပတ်လည် အခမ်းအနားများ၊ ထိပ်သီးအစည်းအဝေးကျင်းပခြင်း အခမ်းအနားများ၊ အာဆီယံနှစ်ပတ်လည် အခမ်းအနားနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကြီးများ၏ နှစ်ပတ်လည်အခမ်းအနားတို့တွင် အမှတ်တရ တံဆိပ်ခေါင်း ထုတ်ဝေဖူးသော်လည်း နိုင်ငံခြားရေးဝန်ကြီးဌာန နှစ်ပတ်လည်အတွက် တံဆိပ်ခေါင်းထုတ်ဝေခြင်းသည် ယခုတွင် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

နှစ်(၇၀)ပြည့် အခမ်းအနားများကို အသွင်သဏ္ဍာန်အမျိုးမျိုးဖြင့် ဆင်နွှဲကျင်းပသွားမည်ဖြစ်ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ အထိမ်းအမှတ်တံဆိပ်ခေါင်း ထုတ်ဝေရန်လည်း ပါဝင်ပါသည်။

ယင်း တံဆိပ်ခေါင်းကို စိတ်ပါဝင်စားသူများ၊ စုဆောင်းလိုသူ တံဆိပ်ခေါင်းဝါသနာရှင်များ အနေဖြင့် ၂၀၁၇ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် အမြို့မြို့အနယ်နယ်ရှိ ဆက်သွယ်ရေး စာတိုက်စခန်းများ၌ ဝယ်ယူနိုင်ပြီး တံဆိပ်ခေါင်းတန်ဖိုး ၅၀၀ ကျပ် ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.