Connect with us

Politics, Law & Military

နိုင်ငံခြားသားများ ကြီးကြပ်စောင့်ရှောက်ရေး ဗဟိုကော်မတီအား ဒုတိယ သမ္မတ ဦးဆောင် ပါဝင်၍ အဖွဲ့ဝင် ၁၉ ဦးဖြင့် ဖွဲ့စည်း

ရွှေတိဂုံ စေတီတော်သို့ လာရောက်လည်ပတ်သော နိုင်ငံခြားသား ခရီးသွားများ အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအတွင်းသို့ အကြောင်းအမျိုးမျိုးဖြင့် ဝင်/ထွက် သွားလာလျက် ရှိသော နိုင်ငံခြားသားများနှင့် ပတ်သက်၍ နိုင်ငံတော်၏ လုံခြုံရေးကို ထိပါးမှု မရှိစေရေး၊ တရားဥပဒေနှင့် အညီ ကာကွယ် စောင့်ရှောက်မှု ပေးနိုင်ရေးနှင့် စိစစ် ကြီးကြပ်နိုင်ရေးအတွက် “နိုင်ငံခြားသားများ ကြီးကြပ် စောင့်ရှောက်ရေး ဗဟို ကော်မတီ” အား ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေ ဦးဆောင် ပါဝင်၍ အဖွဲ့ဝင် ၁၉ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန် ကြေညာခဲ့သည်။

နိုင်ငံခြားသားများ ကြီးကြပ် စောင့်ရှောက်ရေး ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များသည် နိုင်ငံခြားသားများ ကြီးကြပ် စောင့်ရှောက်ရေး လုပ်ငန်းဆိုင်ရာ မူဝါဒများ ချမှတ်ခြင်း ၊ နိုင်ငံခြားသားများ ကြီးကြပ် စောင့်ရှောက်ရေး နှင့် စပ်လျဉ်း၍ လိုအပ်သည့် လုပ်ငန်း ကော်မတီများ ဖွဲ့စည်းတာဝန် ပေးအပ်ခြင်း ၊ နိုင်ငံခြားသားများ ကြီးကြပ်ေ စာင့်ရှောက်ရေး လုပ်ငန်းဆိုင်ရာ မူဝါဒများကို လုပ်ငန်းကော်မတီ များသို့ ညွှန်ကြားခြင်း ၊ နိုင်ငံခြားသားများ ကြီးကြပ် စောင့်ရှောက်ရေး ဆောင်ရွက်မှုများကို ပြည်ထောင်စု အစိုးအဖွဲ့သို့ တင်ပြခြင်း ၊ ခေတ်ကာလနှင့် ကိုက်ညီသော နိုင်ငံခြားသားများနှင့် ပတ်သက်သည့် ဥပဒေနှင့် ညွှန်ကြားချက်များ ကို ရေးဆွဲ၍ ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြခြင်း ၊ လုပ်ငန်းကော်မတီများ၏ ဖြစ်ပေါ် တိုးတက်မှုများကို သိရှိနိုင်ရန် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးအား ကာလသတ်မှတ် ခေါ်ယူခြင်း ၊ နိုင်ငံတကာနှင့် ဆက်သွယ် ဆက်ဆံ ဆောင်ရွက်ရမည့် လုပ်ငန်းများ အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရှိ I 24/7 Channel မှ ရရှိသော သတင်း အချက်အလက်များအား အပြန်အလှန် ရယူ အသုံးပြုခြင်း တို့ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.