Connect with us

Politics, Law & Military

အမျိုးသား ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံကိန်းများ အကောင်အထည်ဖော်ရေး ကော်မတီ ဖွဲ့စည်း

နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်အား တွေ့ရစဉ် (ဓာတ်ပုံ-Myanmar President Office)

ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

အမျိုးသား ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံကိန်းများ အကောင်အထည် ဖော်ရေး ကော်မတီကို ယနေ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတရုံး အမိန့်ကြော်ငြာစာ အမှတ် (၄၃/ ၂၀၁၆) ဖြင့် ဖွဲ့စည်းလိုက်ကြောင်း သမ္မတရုံး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

အဆိုပါ အမျိုးသားပို့ဆောင်ရေး ပင်မစီမံကိန်း (National Transport Master Plan) တွင် ပါဝင်သော လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် အမျိုးသား ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စီမံကိန်းများ အကောင်အထည်ဖော်ရေး ကော်မတီ ကို ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် ၂၃ ဦးဖြင့် ဖွဲ့စည်း လိုက်သည်။
ယင်း အမျိုးသားပို့ဆောင်ရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံကိန်းများ အကောင်အထည် ဖော်ရေး ကော်မတီ၏ လုပ်ငန်းတာဝန်များသည် ပင်မစီမံကိန်းတွင် ပါဝင်သော လုပ်ငန်း စီမံကိန်းများ၊ ဘဏ္ဍာရေး အရင်း အမြစ်များအား ဆန်းစစ်ခြင်း၊ ဦးစားပေးအဆင့် သတ်မှတ်ခြင်းနှင့် အကောင်အထည်ဖော်မည့် ကာလ အပိုင်းအခြား သတ်မှတ်ခြင်းများ ဆောင်ရွက်ရန်၊ လုပ်ငန်း စီမံကိန်းများအား ဦးစားပေးအလိုက် အကောင်အထည် ဖော်နိုင်ရန် ဘဏ္ဍာငွေ ရရှိရေးအတွက် နိုင်ငံတော် ဘတ်ဂျက်တွင် နှစ်စဉ်ထည့်သွင်း ပြဋ္ဌာန်းခြင်း၊ ပြည်ပမှ ချေးငွေ အကူအညီများ ရယူခြင်း၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံ ခွင့်ပြုခြင်း တို့အား ဆုံးဖြတ်ဆောင်ရွက်ရန်၊ ပင်မစီမံကိန်းတွင် ပါဝင်သည့် ပို့ဆောင်ရေး စြင်္ကန်များအား ဦးစားပေး သတ်မှတ်ချက် အလိုက် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ကြီးကြပ်ဆောင်ရွက်ရန်၊ စီမံကိန်းများ၏ ဖြစ်ပေါ် တိုးတက်မှုများအား သုံးသပ်စစ်ဆေး၍ လိုအပ်ပါက မျှော်မှန်းချက်၊ မူဝါဒ၊ မဟာဗျူဟာနှင့် လုပ်ငန်း စီမံကိန်းများအား အခြေအနေနှင့် အချိန်အခါအလိုက် ပြောင်းလဲချမှတ်ခြင်းများ ဆောင်ရွက်ရန်၊ မြန်မာနိုင်ငံ၏ ထောက်ပံ့ ပို့ဆောင်ရေး၊ မြို့ပြ သယ်ယူပို့ဆောင်ရေး ကဏ္ဍများ အပါအဝင် ပို့ဆောင်ရေး ကဏ္ဍတစ်ခုလုံး နိုင်ငံတကာ စံညွှန်းများနှင့် ကိုက်ညီမှု ရှိစေရန် မူဝါဒ၊ မဟာဗျူဟာနှင့် လုပ်ငန်းလမ်းညွှန်မှု ချမှတ်ခြင်းများ ဆောင်ရွက်ရန်တို့ ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.