Connect with us

Politics, Law & Military

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဇွန်လ အတွက် ချီးကျူးဂုဏ်ပြုထိုက်သူ အဖြစ် မထူးထူးမွန်ကို ရွေးချယ်

၂၀၁၇ ခုနှစ် ဇွန်လ အတွက် ချီးကျူး ဂုဏ်ပြုထိုက်သူ အဖြစ် ရွေးချယ်ခြင်း ခံရသည့် မထူးထူးမွန် (ဓာတ်ပုံ- Myanmar State Counsellor Office)

ရန်ကုန် ၊ ဇွန် ၂၉ ရက်(ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ချီးကျူး ဂုဏ်ပြု ထိုက်သူများအား ရွေးချယ်၍ ပြည်သူသို့ကျေးဇူးတင်လွှာများ ထုတ်ပြန်ရာတွင် ၂၀၁၇ ခုနှစ် ဇွန်လ အတွက် ချီးကျူး ဂုဏ်ပြု ထိုက်သူ အဖြစ် မထူးထူးမွန်ကို ရွေးချယ်လိုက်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးမှ ယနေ့ဇွန် ၂၉ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

မထူးထူးမွန်သည် ညာဖက်လက်တွင် လက်ချောင်းများ မပါရှိခြင်း ၊ ဝဲဖက်လက်သည် တံတောင်ဆစ် အထိသာ ပါရှိခြင်း ၊ ခြေထောက် နှစ်ဖက်သည် ဒူးခေါင်းအထိသာ ပါရှိခြင်း စသည့် မွေးရာပါ ကိုယ်အဂါၤ ချို့ယွင်းမှုများဖြင့် မွေးဖွား ကြီးပြင်းလာသူ ဖြစ်သော်လည်း မလျှော့သော ဇွဲ ၊ လုံ့လ ၊ ဝီရိယ ၊ ကြိုးစား အားထုတ်မှုတို့ဖြင့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် တက္ကသိုလ် ဝင်တန်း စာမေးပွဲကို ဝင်ရောက် ဖြေဆို အောင်မြင်ခဲ့သူ လူငယ် တစ်ဦး ဖြစ်သည်။

အကြောင်း အမျိုးမျိုးသော မတူကွဲပြားမှုများ ၊ ခက်ခဲသော ဘဝပေး အနေအထားများပေါ် အခြေခံ၍ အလို မပြည့်မှု နှင့် ဘဝကို မကျေနပ် စိတ်များကြောင့် ခိုက်ရန် ဒေါသပွားများလျက် ရှိသော မျက်မှောက် ကမ္ဘာကြီးတွင် စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်သည့် မိမိကိုယ်မိမိ ယုံကြည်စိတ် ၊ မလျှော့သော လုံ့လ တို့ဖြင့် ကြိုးပမ်း အားထုတ်ခဲ့သူ မထူးထူးမွန်သည် မျိုးဆက်သစ်တို့ အတုယူဖွယ်ရာ စိတ်ဓာတ်နှင့် သန္နိဌာန်ကို အထင်အရှား ပြသနိုင်ခဲ့ပါသဖြင့် ၂၀၁၇ ခုနှစ် ဇွန်လ အတွက် ချီးကျူး ဂုဏ်ပြု ထိုက်သူ အဖြစ် ရွေးချယ်၍ ကျေးဇူးတင်လွှာကို ထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.