Connect with us

Politics, Law & Military

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ တူမီးသေနတ် ၃ လက် ဖမ်းဆီးရမိမှုဖြစ်ပွား

သိမ်းဆည်းရမိသည့် တူမီးသေနတ်များအားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ တူမီးသေနတ် ၃ လက် ဖမ်းဆီးရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ ၀၂း၀၀နာရီ အချိန် ကင်မွန်းချောင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ကျိုက်ထိုမြို့နယ်၊ ဆောင်နိုင်ကြီးကျေးရွာရှိ ဇွဲမြတ်အောင်(ခ)မင်းမင်း(၁၉)နှစ်၏ ရာဘာခြံအတွင်းရှိတဲသို့ ဝင်ရောက်ရှာဖွေရာ ၎င်းအား အဆိုပါကျေးရွာနေ ချစ်ကို(၂၅)နှစ်နှင့်အတူ တူမီး သေနတ် ၃ လက်(ရှည် ၂၊ တို ၁)၊ ၇ လက်မခန့် စတီးပြောင်းအပို ၂ ချောင်း၊ ၃ ကျပ်သားခန့်ရှိ ယမ်းစိမ်း ၁ ထုပ်၊ ကော်ပုလင်း/အထုပ်ဖြင့် ထည့်ထားသော လှော်ယမ်းမှုန့် ၉ ကျပ်သားခန့်၊ အပေါက် ၈ ခုပါ ယမ်းခွေကတ် ၁၁ ခု၊ ခဲသတ္တုဖြတ်စများ ၅ ကျပ်သားခန့်ပါ ၁ ထုပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် အောက်တိုဘာလ ၃၁ ရက်နေ့ ၀၄၃၀ အချိန် ဇွဲမြတ်အောင်(ခ)မင်းမင်းပါ ၂ ဦးအား ကင်မွန်းချောင်းနယ်မြေရဲစခန်း (ပ)၂၁၉/၂၀၁၈၊ လက်နက်ဥပဒေ ပုဒ်မ ၁၉(စ)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.