Connect with us

Politics, Law & Military

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်နှင့် လုပ်ငန်းလမ်းညွှန်များ ပြန်လည်သုံးသပ်ခြင်းအလုပ်အဖွဲ့ အစည်းအဝေးကျင်းပ


ရန်ကုန်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်နှင့် လုပ်ငန်းလမ်းညွှန်များ ပြန်လည်သုံးသပ်ခြင်းအလုပ်အဖွဲ့ အစည်းအဝေး

ကို ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန တွင် ယနေ့ စတင်ကျင်းပခဲ့သည်။

အစည်းအဝေးတွင် နိုင်ငံရေးဆွေးနွေးမှုမူဘောင်၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) လုပ်ငန်းလမ်းညွှန်၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ အတွင်းရေးမှူးများ (UPDJC-S) လုပ်ငန်းလမ်းညွှန်၊ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းကော်မတီများ လုပ်ငန်းလမ်းညွှန်၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီ လုပ်ငန်းလမ်းညွှန်၊ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲလုပ်ငန်းလမ်းညွှန်၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း များကို ပြန်လည်သုံးသပ် ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်နှင့် လုပ်ငန်းလမ်းညွှန်များ ပြန်လည်သုံးသပ်ခြင်းအလုပ်အဖွဲ့ အစည်းအဝေးကျင်းပစဉ် (ဆင်ဟွာ)

NCA အကောင်အထည်ဖော်ရာတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအရတစ်ဆို့မှုများအား ကျော်လွှားနိုင်ရန်အတွက် ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နေ့တွင် အစိုးရ၊ လွှတ်တော်နှင့် တပ်မတော် ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲအစည်းများ ၏ ထိပ်သီးခေါင်းဆောင်များ သီးသန့်အစည်းအဝေးကို နေပြည်တော်တွင်ကျင်းပခဲ့ပြီး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ရာတွင် အဓိကကျသည့် နိုင်ငံရေးဆွေးနွေးမှုမူဘောင်ပိုမိုရှင်းလင်းနိုင်ရေးအတွက် ပြန်လည်သုံးသပ်ဆွေးနွေးရန် သဘောတူခဲ့ကြကြောင်း သိရသည်။

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်နှင့် လုပ်ငန်းလမ်းညွှန်များ ပြန်လည်သုံးသပ်ခြင်းအစည်းဝေးကို နိုဝင်ဘာလ ၁ ရက်မှ ၃ ရက်နေ့ထိ ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင် အစိုးရနှင့်တပ်မတော်အစုအဖွဲ့၊ NCA လက်မှတ်ရေးထိုးထားသည့်တိုင်းရင်းသားလက်နက်ကိုင်များအစုအဖွဲ့ နှင့် နိုင်ငံရေးပါတီအစုအဖွဲ့များတွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.