Connect with us

Politics, Law & Military

ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ(မူကြမ်း)နှင့် မြန်မာနိုင်ငံပြတိုက်များ ဥပဒေ(မူကြမ်း)၊ဥပဒေမူကြမ်းများအား ဝိုင်းဝန်းအကြံပြုရန် ဖိတ်ခေါ်

ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ(မူကြမ်း)အားတွေ့ရစဉ်(ဓာတ်ပုံ- သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန)

ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ(မူကြမ်း)၊ မြန်မာနိုင်ငံပြတိုက်များ ဥပဒေ(မူကြမ်း)နှင့် ဥပဒေမူကြမ်းများအား ဝိုင်းဝန်းအကြံပြုရန် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ပြင်ဆင်ရေးဆွဲလျက်ရှိသော ယဉ်ကျေးမှုအမွေအနှစ် ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေသည် ယဉ်ကျေးမှုအမွေအနှစ်များကို ပိုမိုထိရောက်စွာ ကာကွယ်ထိန်းသိမ်းနိုင်စေရန်နှင့် ဒေသများနှင့်လည်း လိုက်လျောညီထွေဖြစ်ပြီး ဒေသခံများကိုယ်တိုင်ပူးပေါင်းပါဝင်ထိန်းသိမ်းနိုင် စေမည့် ပြည်သူများလက်ခံသော ဥပဒေတစ်ရပ် ဖြစ်ပေါ်လာစေရန် ရည်ရွယ်ဆောင်ရွက်လျက် ရှိပါသဖြင့် ပြင်ဆင်ရေးဆွဲလျက်ရှိသော ဥပဒေ(မူကြမ်း)အား ဝိုင်းဝန်း အကြံပြုပေးရန် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ဖိတ်ခေါ်ထားသည်။

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို ထိရောက်စွာ ကာကွယ်ထိန်းသိမ်း စောင့်ရှောက် နိုင်ရန်အတွက် ၁၉၉၈ ခုနှစ်တွင် ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကို ထုတ်ပြန်ကြေညာခဲ့သည်။

၁၉၉၉ ခုနှစ်မှစတင်၍ ဥပဒေအရ ရှေးဟောင်း အဆောက်အအုံများတည်ရှိရာဇုန်၊ ရှေးဟောင်း နေရာများတည်ရှိရာဇုန်၊ ကာကွယ်ထိန်းသိမ်း ထားသော ဇုန်များသတ်မှတ်၍ကာကွယ်ထိန်းသိမ်းလျက်ရှိရာ ယနေ့ထိ ဇုန်(၄၇)ဇုန် သတ်မှတ် ခဲ့ပြီး ကာကွယ်စောင့်ရှောက်လျက်ရှိသည်။

ယင်း ဇုန် (၄၇)ဇုန်အနက် (၁၈)ဇုန်အတွင်းတွင် လူနေမြို့ပြ၊ ကျေးရွာများလည်း ပါဝင်လျက်ရှိရာ ဒေသခံများ၏ စားဝတ်နေရေးကိစ္စများ၊ ဒေသတွင်းစီးပွားရေး၊ လူမှုရေး၊ သာသနာရေးကိစ္စများ၊ ဒေသဖွံ့ဖြိုးရေးကိစ္စများ၊ စီမံအုပ်ချုပ်ရေးနှင့် စည်ပင်သာယာရေးကိစ္စ များသည် ဥပဒေပြဋ္ဌာန်းချက်များနှင့် သဟဇာတဖြစ်ရန်နှင့် ဟန်ချက်ညီရန်လိုအပ်ကြောင်းသိရသည်။

ဥပဒေတွင် ဖော်ပြမထားသော အကြောင်းအရာများ၊ ခေတ်နှင့်မညီတော့သည့် ကိစ္စများ၊ နောင်ရေရှည် ထိန်းသိမ်းစောင့်ရှောက်ရေးတွင် ဒေသခံများ ပါဝင်ထိန်းသိမ်းနိုင်ရေး ကိစ္စများ၊ ကမ္ဘာ့အမွေအနှစ်နှင့် အမျိုးသားအမွေအနှစ်ဆိုင်ရာ နိုင်ငံတကာသတ်မှတ်ချက်များနှင့် ညီညွတ်စေရန်အတွက် ထပ်မံပြင်ဆင်ဖြည့်စွက်ရေးဆွဲရန် ဥပဒေပညာရှင်များနှင့် ညှိနှိုင်း ရေးဆွဲပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ တင်ပြအကြံပြုချက်တောင်းခံ၍ ပြင်ဆင် ရေးသားလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.