Connect with us

Politics, Law & Military

နိုင်ငံ ခေါင်းဆောင်များက ပြည်သူ လူထုသို့နှစ်သစ်ကူး ဆုတောင်းစကားများ ပြောကြားမည်

ရန်ကုန် ၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)

နှစ်ဟောင်းမှ နှစ်သစ်သို့ကူးပြောင်းချိန် ကာလဖြစ်သည့် ၂၀၁၅ ခုနှစ်၏ နောက်ဆုံးလ ၊ နောက်ဆုံးရက် ဒီဇင်ဘာလ ၃၁ ရက် ညပိုင်းတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ နှစ်သစ်ကူး ဆုတောင်းစကား ပြောကြားမှုကို နိုင်ငံပိုင် ရုပ်သံလိုင်းမှ တဆင့် ထုတ်လွှင့် ပြောကြားပြီးနောက် နှစ်သစ်ကူး Countdown ရေတွက်မှုကို ထုတ်လွှင့်မည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ နှစ်သစ်ကူး ဆုတောင်း စကားများကို နိုင်ငံ့ ခေါင်းဆောင်များကလည်း ပြောကြားမည် ဖြစ်ရာ ယနေ့ ည ၁၁ နာရီ ၅၀ မိနစ် အချိန်တွင် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့က လည်းကောင်း၊ ထို့နောက် ၁၁ နာရီ ၅၅ မိနစ်အချိန်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယသမ္မတ (၂) ဦးဉာဏ်ထွန်း နှင့် ဒုတိယ သမ္မတ (၁) ဒေါက်တာ စိုင်းမောက်ခမ်းတို့က လည်းကောင်း နှစ်သစ်ကူး ဆုတောင်းစကား ပြောကြားမှုများကို ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စု လွှတ်တော် နာယက ၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကမူ နှစ်သစ်ကူး ဆုတောင်း စကား အဖြစ် ယနေ့ကာလသည် ပြည်သူလူထု၏ ကိုယ်စိတ်နှစ်ပါးလုံးကို လုံခြုံမှု ပေးနိုင်ပြီး ငြိမ်းချမ်းသော၊ ခေတ်မီ တိုးတက်သော ပြည်ထောင်စုကြီး ပေါ်ထွန်းရေး အတွက် အခွင့်အလမ်းများကို ပိုမို ရရှိလာပြီ ဖြစ်ကြောင်း ၊ ယနေ့ ကာလသည် ရရှိလာသော အခွင့်အလမ်းကောင်းများကို အမိအရ အသုံးပြုရမည့် အချိန်လည်း ဖြစ်ကြောင်း ၊ ပြည်သူ တစ်ဦးချင်းစီကလည်း ရောက်ရာအရပ်မှာ ကျရာ တာဝန်ကို ကိုယ်စီကိုယ်ငှ တာဝန် ကျေစွာ ပါဝင် ထမ်းရွက်ပြီး နိုင်ငံအတွက်၊ ပြည်သူအတွက်၊ နိုင်င့ ံဂုဏ်သိက္ခာအတွက် မြှင့်တင် ဆောင်ရွက် နိုင်ကြပါစေကြောင်း ဆန္ဒပြု ဆုတောင်း စကားအား ၎င်း၏ Facebook စာမျက်နှာမှ တဆင့် ပြောကြား ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.