Connect with us

Politics, Law & Military

ပြင်ဦးလွင်မြို့တွင် ကျပ်သိန်း ၁၀၀ တန်ဖိုးရှိ တရားမဝင်သစ်များ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော ဆီဘောက်ဆာယာဉ်အတွင်းက သစ်များအားတွေ့ရစဉ်(ကြေးမုံ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင် ဆီဘောက်ဆာယာဉ်ဖြင့် သယ်ဆောင်လာသော ကျပ် သိန်း၁၀၀ တန်ဖိုးရှိ တရားမဝင်သစ်များ ဖမ်းဆီးရမိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။

မန္တလေး-မူဆယ်သွားလမ်းပိုင်း ပြင်ဦးလွင်မြို့ မြို့ရှောင်လမ်းဘေး၌ ဖေဖော်ဝါရီ ၂၄ ရက် ညပိုင်းက တရားမဝင်သစ်သယ်ဆောင် လာသည့်MAN အမျိူးးအစား၂၂ ဘီးတွဲကားဆီဘောက်ဆာယာဉ် အား (ပိုင်ရှင်မဲ့)ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။အဆိုပါ ယာဉ်အားစစ်ဆေးရာ တရားမဝင်သစ် တမလန်းဓါးရွေ့ဆယ်တုံး၁ ဒသမ ၈၀၂၅ တန်၊ ပိတောက်ဓါးရွေ့ ၃၇ တုံး ၆ဒသမ၂၇၈၂တန် ဒေသပေါက် ဈေးနှုန်း သိန်း ၁၀၀ ဖိုးခန့် အားဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်း ဖမ်းဆီးရမိမှုအား ပြင်ဦးလွင်မြို့မရဲစခန်းကတရားမဝင်သစ်ပိုင်ရှင်နှင့် ယာဉ် မောင်းတို့အားသစ်တောဥပဒေပုဒ်မ ၄၂(က)ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ပြီး တရားခံများအား ဖမ်းဆီးရမိရေး အတွက်ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)