Connect with us

Politics, Law & Military

ဖေဖော်ဝါရီ ၉ ရက်မှ ၁၁ ရက်အတွင်းအထောက်အထားမရှိ တင်ပို့၊တင်သွင်း ကုန်ပစ္စည်း စုစုပေါင်း ကျပ်သိန်း ၄၇၀၀ ကျော်ဖိုးဖမ်းဆီးရမိ

ဖမ်းဆီးရမိသည့် သစ်များအားတွေ့ရစဉ် (ဓာတ်ပုံ-- M.O.I)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

ဖေဖော်ဝါရီ ၉ ရက်မှ ၁၁ ရက်အတွင်း အကောက်ခွန်နယ်မြေ အသီးသီးတို့တွင် တင်သွင်း/တင်ပို့ခွင့် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိဘဲ တင်ပို့/တင်သွင်းသော ကုန်ပစ္စည်းများကို စစ်ဆေးရှာဖွေအရေးယူလျက်ရှိရာ စုစုပေါင်း အမှု ခုနှစ်မှု ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၄၇၀၀ ကျော် (၄၇၁. ၇၃၃) ခန့် ဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

ရန်ကုန်ဆိပ်ကမ်းတွင် တားဆီးမှု တစ်မှု၊ ခန့်မှန်းတန်ဖိုး ၄ဝ၆ . ၅ဝ သန်း၊ မန္တလေးတိုင်းဒေသကြီး အကောက်ခွန်ဦးစီး ဌာနရုံးက တားဆီးမှု လေးမှု၊ ခန့်မှန်းတန်ဖိုး ကျပ် ၂၄ .၁၂ သန်းခန့်၊ ရေပူစစ်ဆေးရေးစခန်းက တားဆီးမှု နှစ်မှု၊ ခန့်မှန်းတန်ဖိုး ကျပ် ၄၁.၁၁၃ သန်းခန့် စုစုပေါင်း ခုနစ်မှု၊ ခန့်မှန်းတန်ဖိုး ကျပ် ၄၇၁ . ၇၃၃သန်း (သိန်း၄၇၀၀ကျော်) ခန့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.