Connect with us

Politics, Law & Military

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် မှ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ဒေသများအား ထပ်မံကြေညာ

ရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက် (ဓာတ်ပုံ-ရွေးကောက်ပွဲကော်မရှင်)

ရန်ကုန်၊အောက်တိုဘာ၂၇ ရက် (ဆင်ဟွာ)
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် မှ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ တွင် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ဒေသများအား ယနေ့ အောက်တိုဘာလ (၂၇) ရက်နေ့တွင် ထပ်မံ၍ ကြေညာချက်ထုတ်ပြန်သည်။

ယနေ့ ထုတ်ပြန်သော ကြေညာချက်အရ ရှမ်းပြည်နယ် အတွင်းရှိ မိုင်းရှူးမြို့နယ် တစ်ခုလုံး၊ ကျေးသီးမြို့နယ် တစ်ခုလုံး၊ တန့်ယန်းမြို့နယ် ရှိ ကျေးရွာအုပ်စု တချို့ နှင့် ဟိုပန် မြို့နယ်ရှိ ကျေးရွာ အုပ်စုတချို့တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် ကျေးရွာအုပ်စု ၈ အုပ်စု၊ ဟိုပန်မြို့နယ်တွင် ကျေးရွာအုပ်စု နှင့် ရပ်ကွက်ပေါင်း ၄၂ ခု တို့ပါဝင်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117