Connect with us

Politics, Law & Military

သတင်းမီဒီယာ ကောင်စီ ဥက္ကဋ္ဌအဖြစ် ဦး ခင်မောင်လေး (ဖိုးသောကြာ) အား ရွေးချယ်တင်မြှောက်

ဦး ခင်မောင်လေး (ဖိုးသောကြာ) မှ ဆင်ဟွာ မြန်မာ အွန်လိုင်းရုံးဖွင့်ပွဲအား တက်ရောက် ဖဲကြိုးဖြတ်ပေး ခဲ့စဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၂၇ ရက်(ဆင်ဟွာ)

မြန်မာ နိုင်ငံ သတင်းမီဒီယာ ဥပဒေ၊နည်း ဥပဒေများအရ အောက်တိုဘာ ၂၁ ရက်က ရွေးချယ် တင်မြှောက်ခဲ့သည့် သတင်းမီဒီယာကောင်စီဝင် ၂၄ ဦးထဲမှ ဥက္ကဋ္ဌ ၊ဒုတိယဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ ရွေးချယ်တင်မြှောက်ပွဲကို ယနေ့ညနေ ၄ နာရီက ရန်ကုန်မြို့ရှိ sky Star Hotel ၌ ကျင်းပသည်။

ထို ရွေးချယ်တင်မြှောက်ပွဲတွင် ဥက္ကဋ္ဌအဖြစ် ဦးခင်မောင်လေး(ဖိုးသောကြာ)၊ ဒုတိယဥက္ကဋ္ဌ(၁) ဦးဖေမြင့်၊ ဒုတိယဥက္ကဋ္ဌ(၂)ဒေါက်တာမျိုးသန့်တင်၊ အတွင်းရေးမှူးအဖြစ် ဦးသီဟစော၊ အတွင်းရေးမှူး(၁)ဒေါ်သင်းသင်းသာ၊ အတွင်းရေးမှူး(၂)ဦးကျော်စွာမင်း၊ စာရင်းစစ်အဖြစ် ဒေါက်တာမောင်မောင်စံနှင့် ဘဏ္ဍာရေးမှူးအဖြစ် ဦးမင်းဟန် တို့ကို ရွေးချယ်တင်မြှောက်ရေး အဖွဲ့ နှင့် သတင်းမီဒီယာကောင်စီဝင်တို့မှ ဆန္ဒပြုရွေးချယ်တင်မြှောက် ခဲ့ကြသည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)သည် သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေများအရ သတင်းမီဒီယာ ကောင်စီကို တာဝန်လွှဲပြောင်းပေးရန် အောက်တိုဘာ ၂၁ ရက်က သတင်းမီဒီယာ ကောင်စီဝင်များ ရွေးချယ် တင်မြှောက်ခြင်းအခမ်းအနားကို ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ ကျင်းပခဲ့ပြီး သတင်းအေဂျင်စီများက အဆိုပြုသည့် ကိုယ်စားလှယ်များ၊ ပုံနှိပ်ထုတ်ဝေသူများနှင့် ဖြန့်ချိသူများက အဆိုပြုသည့်ကိုယ်စားလှယ်များ၊ စာရေးဆရာများ မှ အဆိုပြုသည့် ကိုယ်စားလှယ် များ၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း၊ မြန်မာဂျာနယ် လစ်ကွန်ရက်၊ မြန်မာစာနယ်ဇင်း သမဂ္ဂနှင့် နိုင်ငံတကာ မြန်မာသတင်းဌာနများက အဆိုပြုသည့် ကိုယ်စားလှယ် များ၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)က အဆိုပြုသည့် ကိုယ်စားလှယ်များ၊ သတင်း မီဒီယာအသင်း အဖွဲ့များမှ အဆိုပြုသည့် ကိုယ်စားလှယ်များ၊လူမှုရေး၊ စီးပွားရေး၊ စာပေယဉ်ကျေးမှု၊ဥပဒေရေးရာ၊ သိပ္ပံနှင့်နည်း ပညာဆိုင်ရာ အသိပညာရှင်၊အတတ်ပညာရှင်များပါဝင်သည့် လူထုအဖွဲ့အစည်း များက အဆိုပြုသည့် ကိုယ်စားလှယ်များ၊ နိုင်ငံတော်သမ္မတက အဆိုပြုသည့် ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပြုသည့် ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အဆိုပြုသည့် ကိုယ်စားလှယ်နှင့် တစ်ဦးချင်းကိုယ် စားလှယ်လောင်းများကို ရွေးချယ် တင်မြှောက်ရေးအဖွဲ့က ရွေးချယ်ခဲ့ပြီး သတင်းမီဒီယာ ကောင်စီဝင် ၂၄ ဦးကို ရွေးချယ် တင်မြှောက်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.