Connect with us

Politics, Law & Military

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် သြစတြေးလျ နိုင်ငံ နယ်စပ်ဒေသ ကာကွယ်ရေး ဆောင်ရွက်ရန် လက်မှတ်ရေးထိုး

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် သြစတြေးလျ နိုင်ငံ နယ်စပ် ဒေသ ကာကွယ်ရေး တပ်ဖွဲ့တို့အကြား သတင်း အချက်အလက် ထုတ်ဖော်မှုနှင့် အသုံးပြုမှု တို့အတွက် စီစဉ် ဆောင်ရွက်ရန် သဘောတူ လက်မှတ် ရေးထိုး နေစဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံ ရဲတပ်ဖွဲ့)

ရန်ကုန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် သြစတြေးလျ နိုင်ငံ နယ်စပ် ဒေသ ကာကွယ်ရေး တပ်ဖွဲ့တို့အကြား သတင်း အချက်အလက် ထုတ်ဖော်မှုနှင့် အသုံးပြုမှုတို့ အတွက် စီစဉ် ဆောင်ရွက်ရန် လက်မှတ် ရေးထိုးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ယနေ့ သတင်း ထုတ်ပြန်သည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် သြစတြေးလျ နိုင်ငံ နယ်စပ်ဒေသ ကာကွယ်ရေး တပ်ဖွဲ့တို့အကြား သတင်း အချက်အလက် များနှင့် နည်းပညာပိုင်း ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ ဖလှယ်နိုင်ရန် အတွက် နှစ်ဘက် အပြန်အလှန် ဆက်ဆံရေး ထူထောင်ခြင်း၊ သတင်း အချက်အလက်များ ထုတ်ဖော်ခြင်း၊ အသုံးပြုခြင်းတို့နှင့် သက်ဆိုင်သည့် စည်းမျဉ်း၊ လုပ်ထုံး လုပ်နည်းနှင့် တာဝန်များကို သတ်မှတ်ခြင်း၊ အုပ်ချုပ် ထောက်ပံ့ရေး ဆိုင်ရာ အစီအစဉ်များ၊ လုပ်ငန်းစဉ် များဖြင့် လွယ်ကူ ချောမွေ့သော ဆက်ဆံရေး ပူးပေါင်း ဆောင်ရွက်ရေး တို့အတွက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ အစိုးရနှင့် သြစတြေးလျ နိုင်ငံ အစိုးရတို့အား ကိုယ်စားပြုလျက် သတင်း အချက်အလက် ထုတ်ဖော်မှုနှင့် အသုံးပြုမှုတို့ ဆိုင်ရာ စီစဉ် ဆောင်ရွက်မှုအား သဘောတူ လက်မှတ် ရေးထိုးခြင်း အခမ်းအနားကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ တွင် ကျင်းပခဲ့သည်။

အဆိုပါ လက်မှတ် ရေးထိုးပွဲတွင် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ကိုယ်စား ရေကြောင်း ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မြဝင်းနှင့် သြစတြေးလျ လူဝင်မှု ကြီးကြပ်ရေးနှင့် နယ်စပ်ဒေသ ကာကွယ်ရေးဌာန ကိုယ်စား Mr. Christopher Wall တို့က လက်မှတ် ရေးထိုးခဲ့ကြပါသည်။ (Xinhua)