Connect with us

Politics, Law & Military

ပြည်ထောင်စု ဝန်ကြီးဌာန ၂ ခု အမည်ပြောင်းလဲ ပြင်ဆင် သတ်မှတ်ရန် ပြည်ထောင်စု လွှတ်တော်သို့တင်ပြ

ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ မေ ၁၈ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ဝန်ကြီးဌာန ၂ ခုအား အမည်ပြောင်းလဲ ပြင်ဆင် သတ်မှတ်ရန် နိုင်ငံတော် သမ္မတထံမှ ပြည်ထောင်စု လွှတ်တော် နာယက ထံသို့သဝဏ်လွှာ ပေးပို့ခဲ့ခြင်းကို ယနေ့မေလ ၁၈ ရက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် တင်ပြ ရှင်းလင်းခဲ့ပြီး ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခဲ့သည်။

ကျန်းမာရေး ဝန်ကြီးဌာနနှင့် အားကစား ဝန်ကြီးဌာနကို ပေါင်းစပ် ဖွဲ့စည်းထားသည့် ဝန်ကြီးဌာန အမည်ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အဖြစ် လည်းကောင်း တိုင်းရင်းသား ရေးရာ ဝန်ကြီးဌာနကို တိုင်းရင်းသား လူမျိုးများ ရေးရာ ဝန်ကြီးဌာန အဖြစ် လည်းကောင်း ပြောင်းလဲ ပြင်ဆင် သတ်မှတ်လိုကြောင်း နိုင်ငံတော် သမ္မတထံမှ ပြည်ထောင်စု လွှတ်တော် နာယကထံသို့မေလ ၁၇ ရက်တွင် သဝဏ်လွှာ ပေးပို့ ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စု ဝန်ကြီးဌာန ၂ ခုအား အမည်ပြောင်းလဲ ပြင်ဆင် သတ်မှတ်လိုခြင်းအပေါ် ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ကျန်းမာရေး ဝန်ကြီးဌာန နှင့် ယခင် အားကစား ဝန်ကြီးဌာနတို့ပေါင်းစပ်ခြင်းသည် အလွန် သင့်လျှော်သည့် အတွက် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန အဖြစ် ပြောင်းလဲ သတ်မှတ်လိုကြောင်း လွှတ်တော်သို့ရှင်းလင်း တင်ပြခဲ့သည်။
တိုင်းရင်းသား ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင်က မှုလ အတည်ပြုထားသည့် တိုင်းရင်းသား ရေးရာ ဝန်ကြီးဌာန အမည်ကို ပြဌာန်းခဲ့ပြီး ဖြစ်သည့် တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် ဥပဒေနှင့် အညီ တိုင်းရင်းသား လူမျိုးများ ရေးရာ ဝန်ကြီးဌာန အဖြစ် ပြောင်းလဲ ပြင်ဆင် ခွင့်ပြုနိုင်ရန် ရှင်းလင်း တင်ပြခဲ့သည်။
ပြည်ထောင်စု ဝန်ကြီးဌာန ၂ ခုအား အမည်ပြောင်းလဲ ပြင်ဆင် သတ်မှတ်လိုခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေး ၊ ရှင်းလင်း ၊ အတည်ပြုခြင်းများအား မေလ ၂၃ ရက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.