Connect with us

Politics, Law & Military

ပြည်သူလွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်တို့ ကတိသစ္စာပြု

ပြည်သူလွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်တို့ ကတိသစ္စာပြုနေစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

နေပြည်တော်၊ မတ် ၂၂ ရက် (ဆင်ဟွာ)

ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး (၃၁)ရက်မြောက်နေ့ အစည်းအဝေးတွင် ယနေ့ ရွေးချယ် တင်မြှောက်ခံရသော ပြည်သူလွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်တို့သည် ပြည်သူ့လွှတ်တော် သဘာပတိ ဦးခင်မောင်ဝင်းရှေ့မှောက်တွင် ကတိသစ္စာပြု လက်မှတ်ရေးထိုးခဲ့ကြသည်။

ပြည်သူ့လွှတ်တော် သဘာပတိ ဦးခင်မောင်ဝင်းသည် ယနေ့ ရွေးချယ် တင်မြှောက်ခံရသော ပြည်သူလွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ထံသို့ တာဝန်များအား လွှဲအပ်ပေးခဲ့သည်။“ ကျွန်တော်ကို ရွေးချယ်တင်မြှောက်ခဲ့တဲ့ ကိုယ်စားလှယ်တွေကို အထူးကျေးဇူးတင်ပါတယ်၊ တစ်ဦးနဲ့ တစ်ဦး သဘောထားကြီးခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ အပြန်အလှန်လေးစားခြင်း၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ခြင်း ဖြင့် နိုင်ငံတော်နဲ့ နိုင်ငံသူနိုင်ငံသားတို့ အကျိုးကို သယ်ပိုးကျမှာဖြစ်ပါတယ်” ဟု ပြည်သူလွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယနေ့ ပြည်သူ့လွှတ်တော်၌ နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဒီမိုကရေစီ ရှင်သန်ခိုင်မာမှုနှင့် လူ့အခွင့်အရေးများ မြှင့်တင်နိုင်မှု၊ စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မှု စသည့်တို့ကို အတူတကွ လက်တွဲပူးပေါင်းဆောင်ရွက်ကြရန်လည်း ပြည်သူလွှတ်တော်ဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ကွက်ခိုင်မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်နှင့် ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေးတို့ကို အမည်စာရင်းတင်သွင်းခဲ့ပြီး စက်ခလုတ်နိုပ် လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်ခဲ့သည်။ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ကွက်ခိုင်မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်သည် ထောက်ခံမဲ ၂၈၀၊ ကန့်ကွက်မဲ ၁၂၄ရရှိပြီး ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေးသည် ထောက်ခံမဲ ၁၄၁မဲနှင့် ကန့်ကွက်မဲ ၂၆၁ မဲများ အသီးသီးရရှိခဲ့ရာ ထောက်ခံမဲအများဆုံး ရရှိသော ကွက်ခိုင်မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်သည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌအဖြစ် နောင်ချိုမဲဆန္ဒနယ်မှ ဦးထွန်းအောင်(ခေါ်)ဦးထွန်းထွန်းဟိန်နှင့် မိတ္ထီလာမဲဆန္ဒနယ်မှ ဒေါက်တာ မောင်သင်းတို့ကိုလည်း အမည်စာရင်းတင်သွင်းခဲ့ပြီး စက်ခလုတ်နိုပ် လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်ခဲ့သည်။ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌအဖြစ် နောင်ချိုမဲဆန္ဒနယ်မှ ဦးထွန်းအောင်(ခေါ်)ဦးထွန်းထွန်းဟိန်သည် ထောက်ခံမဲ ၂၇၀မဲနှင့် ကန့်ကွက်မဲ ၁၃၃မဲရပြီး မိတ္ထီလာမဲဆန္ဒနယ်မှ ဒေါက်တာ မောင်သင်းသည် ထောက်ခံမဲ ၁၄၃နှင့် ကန့်ကွက်မဲ ၂၆၂မဲများ အသီးသီးရရှိခဲ့ရာ ထောက်ခံမဲအများဆုံး ရရှိသော နောင်ချိုမဲဆန္ဒနယ်မှ ဦးထွန်းအောင်(ခေါ်)ဦးထွန်းထွန်းဟိန်က ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌအဖြစ် ရွေးချယ် တင်မြှောက်ခံခဲ့ရကြောင်း သိရသည်။ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး (၃၁)ရက်မြောက်နေ့ အစည်းအဝေးကို တက်ရောက်ခွင့်ရှိသူ ၄၃၃ဦးအနက် ၄၁၂ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.