Connect with us

Politics, Law & Military

ဘင်းမ်စတက် အဖွဲ့တည်ထောင်ခြင်း နှစ် ၂၀ ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်နေ့သဝဏ်လွှာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပေးပို့

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်မှ ပေးပို့ သော သ၀ဏ်လွှာအား တွေ့ ရစဉ်(ဓာတ်ပုံ-MOFA)

ရန်ကုန် ၊ ဇွန် ၇ ရက်(ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၆ ရက်တွင် ကျရောက်သည့် ဘင်းမ်စတက် အဖွဲ့ တည်ထောင်ခြင်း နှစ် ၂၀ ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်နေ့ အတွက် သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ယနေ့ဇွန် ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အရှေ့တောင် အာရှ နှင့် တောင်အာရှ အကြား ကုန်းတွင်း တံတား သဖွယ် တည်ရှိနေသော ပထဝီ အနေအထားကို ပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံ အနေဖြင့် ဘင်းမ်စတက် ပြည်သူများ၏ မျှော်လင့် ရည်မှန်းချက်များကို ပြည့်ဝစေရန် နှင့် အဖွဲ့ကြီး၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်း နိုင်ရန် ဒေသ ဆိုင်ရာ ပေါင်းစည်းမှု လုပ်ငန်းစဉ်တွင် ဆက်လက်၍ တက်ကြွစွာ ပါဝင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

ဘင်းမ်စတက် အဖွဲ့၏ ငြိမ်းချမ်း၍ တိုးတက် ကြွယ်ဝသော ရည်မှန်းချက် ပန်းတိုင်သို့ရောက်ရှိရန် အတွက် ဘင်းမ်စတက် အဖွဲ့ဝင် ပြည်သူများ နှင့် အစိုးရများက ဆောင်ရွက်ရမည့် ကိစ္စများ များစွာ ကျန်ရှိ နေသေး သည်ကိုလည်း မိမိတို့အနေဖြင့် သတိပြုမိပါကြောင်း ၊ မိမိ အနေဖြင့် မိမိတို့ကြုံတွေ့ရမည့် အဆိုပါ စိန်ခေါ်မှုများကို အတူတကွ ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်မှ ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြထားသည်။

ဇွန်လ ၆ ရက်နေ့သည် တန်းတူညီမျှမှု နှင့် မိတ်ဖက် ပူးပေါင်း ဆောင်ရွက်မှု စိတ်ဓာတ်ဖြင့် အတူတကွ ကြိုးပမ်း ဆောင်ရွက်မှုများမှ တစ်ဆင့် ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးမှု နှင့် လူမှုရေး တိုးတက်မှု အရှိန်အဟုန် မြှင့်တင်နိုင်ရန် ဖွဲ့စည်းခဲ့သော ဘင်္ဂလား ပင်လယ်အော် ဒေသတွင်း ကဏ္ဍစုံ နည်းပညာ နှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ ဦးဆောင်ဦးရွက်ပြုမှု အစီအစဉ် ဘင်းမ်စတက် အဖွဲ့(Bay of Bengal Initiative for Multi-Sectoral Technical and Economic-BIMSTEC) တည်ထောင်ခြင်း နှစ်(၂၀)ပြည့် အထိမ်းအမှတ်နေ့ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.