Connect with us

Politics, Law & Military

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ခွန်းအား မှားယွင်းဖော်ပြခဲ့သော APသတင်းဌာနအား ဝေဖန်ပြစ်တင်

(၁၃)ကြိမ်မြောက် အေဆမ်နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ- ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)

(၁၃)ကြိမ်မြောက် အေဆမ်နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေး၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော မိန့်ခွန်းအား မှားယွင်းဖော်ပြခဲ့သော APသတင်းဌာနအား ဝေဖန်ပြစ်တင်ခံရကြောင်း သိရသည်။

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနတွင် နိုဝင်ဘာ ၂၀ရက်နေ့က ကျင်းပသော အေဆမ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ” ကမ္ဘာတစ်လွှားဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုကနေ ပြန့်ပွားလာတဲ့ အကြမ်းဖက်မှုမှ လူမှုဆိုင်ရာအဆင်မပြေမှုတွေ ပေါ်ပေါက်နေရုံမက နျူကလီးယားစစ်ပွဲခြိမ်းခြောက်မှု စတဲ့ ခြိမ်းခြောက်မှု အသစ်တွေ အရေးပေါ်အခြေအနေတွေ ပေါ်ပေါက်နေပါတယ် ” ဟု ပြောကြားမှုအား AP သတင်းဌာန၏ သတင်းတွင် ယင်းမိန့်ခွန်းအား ” မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာပေါ်တွင် မတည်ငြိမ်မှုနှင့် ပဋိပက္ခတွေဟာ တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုကြောင့် ပြန့်ပွားလာတဲ့ အကြမ်းဖက်မှုတွေကြောင့်ဖြစ်တယ် ” ဟု မှားယွင်းဖော်ပြခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနသို့ နိုင်ငံခြားရေးရာဝန်ကြီးဌာန သံအမတ်ကြီး ဦးကျော်ဇေယျက ပြောကြားသည်။

“ပြောကြားချက်တွေကို နိုင်ငံပိုင်မီဒီယာများက ထုတ်လွှင့် ဖော်ပြထားပြီး ဖြစ်ပါတယ်။ ဒီလို ထုတ်ပြန်ပေးတဲ့ သတင်းကို အခုလို သတင်းဌာနကြီးတစ်ခုကမှားယွင်းဖော်ပြထားတာကို တွေ့ရှိရတဲ့အတွက် အလွန် စိတ်မကောင်းဖြစ်မိပါတယ်”ဟု ၎င်းက ဆိုသည်။

ယင်း သတင်းဌာန သတင်းမှားယွင်းဖော်ပြမှုကို TIME, The New York Times , The Washington Post , Sanfrancisco Chronicle စသည့် နိုင်ငံတကာ သတင်းဌာနများကလည်း ပြန်လည်ကိုးကား ရေးသားခဲ့သည့်အတွက် သတင်းမှားပါ အချက်အလက်များ ပိုမိုပျံ့နှံ့သွားခဲ့ကြောင်း ၊

သတင်းမှားတွေ ပျံ့နှံ့ခဲ့မှုကြောင့် စိတ်ပျက်စရာ ဖြစ်မိကြောင်း ၎င်းက ပြောသည်။

“အမှုမဲ့ အမှတ်မဲ့ပဲ မှားမှား၊ ရည်ရွယ်ချက်နဲ့ပဲ မှားမှား၊ မှားသွားပြီ။ မှားသွားပြီဆိုရင် သတင်းဌာနကြီး တစ်ခုအနေနဲ့ ဒါက သိက္ခာကျစရာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ရဲ့ မှားသွား တဲ့ဟာကို အမြန်ဆုံး အမှန်အတိုင်း ပြန်လည်ပြင်ဆင်ပြီး သူတို့ရဲ့ သိက္ခာကို အဖတ်ဆယ်မယ်လို့ မျှော်လင့်ပါတယ်”ဟု သံအမတ်ကြီး ဦးကျော်ဇေယျက ပြန်ကြားရေးဝန်ကြီးဌာနသို့ ပြောကြားချက်အရ သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော မိန့်ခွန်းအား မှားယွင်းဖော်ပြခဲ့သည့် APသတင်းဌာနအနေဖြင့် အမှားပြင်ဆင်ချက်ကို ပထမဆုံး ရေးသားဖော်ပြပြီး သက်ဆိုင်ရာ နစ်နာသူများ၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် မြန်မာတစ်မျိုးသားလုံးအား လူသိရှင်ကြား တရားဝင်တောင်းပန်သင့်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်လှထွန်းက ပြောကြားသည်။

အဆိုပါ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော မိန့်ခွန်းအား မှားယွင်းဖော်ပြခဲ့သော APသတင်းဌာနအား မြန်မာစာနယ်ဇင်းသမဂ္ဂ၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA) တို့က ရှုတ်ချကြောင်း ကြေညာချက်များထုတ်ပြန်ခဲ့ကြောင်း သိရသည်။

AP သတင်းဌာနအနေဖြင့် သတင်းအလွဲရေးသားမှုသည် ကြီးမားသော ဆိုးကျိုးနှင့်တိုင်းပြည်၏ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး ထိလွယ်ရှလွယ် အခြေအနေတစ်ရပ်တွင် နိုင်ငံတကာ အသိုင်းအဝိုင်းကြား မြန်မာနိုင်ငံအပေါ် ပိုမို၍ နားလည်မှု လွဲမှားစေနိုင်ကြောင်း၊ ကမ္ဘာကျော် သတင်းဌာနတစ်ခုဖြစ်သည့် AP အနေဖြင့် တစ်ရက်ကြာပြီးမှ သတင်းမှားပြင်ဆင်ချက်လုပ်သော်လည်း မြန်မာနိုင်ငံအတွက် နစ်နာမှုဖြစ်သဖြင့် ပြင်းထန်စွာရှုတ်ချကြောင်း မြန်မာစာနယ်ဇင်းသမဂ္ဂက ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

သတင်းအမှားဖော်ပြခဲ့သော AP သတင်းဌာနအနေဖြင့် သတင်းထုတ်ပြန်ပြီး နောက်တစ်နေ့ဖြစ်သည့် နိုဝင်ဘာ ၂၁ ရက်နေ့တွင် အမှားပြင်ဆင်ချက် ပြန်လည်ဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.