Connect with us

Politics, Law & Military

မင်္ဂလာဈေး မီးလောင်မှု လက်ရှိချိန်ထိ မီးညွှန်မကျိုးဘဲ ဆက်လက်လောင်ကျွမ်း

မင်္ဂလာဈေးမီးလောင်မှုတွင် မီးသတ်သမားများ မီးငြှိမ်းသတ်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မင်္ဂလာဈေး လေးလွှာတွင် ယနေ့(ဇန်နဝါရီ ၉ ရက်) နံနက် ၁ နာရီခွဲခန့်ကစတင်၍ မီးလောင်လျက်ရှိပြီး တစ်နာရီကျော်ကြာ မီးငြိမ်းသတ်နိုင်ခြင်းမရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည် အဆိုပါ ဈေးမီးလောင်ကျွမ်းမှုသည် Leve 5 အဆင့် ရှိပြီး လက်ရှိချိန် ၃နာရီ ၁၀မိနစ်ထိ မီးညွှန့်ကျိုးခြင်းမရှိကြောင်း သိရသည်။

လက်ရှိ မင်္ဂလာဈေး (၄)လွှာတစ်လွှာလုံး မီးလောင်ကျွမ်းပြီး အခြားအထပ်များသို့ မီးကူးလျှက်ရှိသည်။

မင်္ဂလာဈေးမီးလောင်မှု အားတွေ့ရစဉ် (ဆင်ဟွာ)

မီးလောင်မှုကြီးမားကာ မီးသတ်ယာဉ် ၆၅ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၆၀၀ ကျော်ဖြင့် ငြှိမ်းသတ်လျက်ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။ (Xinhua)