Connect with us

Politics, Law & Military

မန္တလေးတိုင်းဒေသကြီး အတွင်း၌ မော်တော်ယာဉ်များ အရှိန်လွန်မောင်းနှင်မှု အား စစ်ဆေးအရေးယူတော့မည်

မော်တော်ယာဉ်များအား ပညာပေးကာလ ဆောင်ရွက်နေစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး အတွင်း၌ ယာဉ်တိုက်မှု လျော့နည်းကျဆင်းရေးအတွက် သတ် မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်မှုများကို အရှိန်လွန်မောင်းနှင်မှုတိုင်း ကိရိယာဖြင့် စစ်ဆေးအရေး ယူတော့ မည်ဖြစ်ခြင်းကြောင့် ယခု ဇွန်လတွင် ပညာပေးကာလအဖြစ် အများပြည်သူအား အသိပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါကိရိယာဖြင့် အရေးယူခြင်း ကို အမြန်လမ်းမကြီးများ၌ အသုံးပြု လျက်ရှိရာ ယခုအခါ မြို့တွင်းလမ်းများတွင် ပါ စစ်ဆေးအရေးယူမှုကို မကြာမီစတင် မည်ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီး အတွက် speedometer (ကားပြေးနှုန်းတိုင်းကိရိယာ) ၁၄ ခုရရှိပြီးယာဉ်ထိန်းရဲ တပ်ဖွဲ့စုအလိုက် စစ်ဆေးအရေးယူမှုများ လုပ်ဆောင်ရာတွင် အသုံးပြုမည်ဖြစ် ကြောင်း သိရသည်။

မြို့တွင်း၌ တစ်နာရီ မိုင် ၃ဝ နှုန်း (၄၈ ကီလိုမီတာ) မောင်းနှင်ရမည်ဖြစ်ပြီး စာသင်ကျောင်းများတွင် ၁ဝ မိုင်နှုန်း၊ ဆေးရုံနှင့် အရေးကြီးနေရာများတွင် ၅ မိုင်နှုန်း စသည်ဖြင့် ဒေသအနေအထား အရလည်း ကန့်သတ်မှုများရှိပြီး လမ်းညွှန် အမှတ်အသားဆိုင်းဘုတ်များဖြင့် အသိ ပေးထားသည်။

ယင်းကိရိယာဖြင့် စစ်ဆေးအရေးယူ ခြင်းကို ယာဉ်တိုက်မှုဖြစ်ပွား ရာနေရာ များ၊ အရှိန်လွန် မောင်းနှင်တတ်သည့် နေရာများတွင် ပိုမို အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကာ ဇန်နဝါရီလ မှ မေလအထိ မန္တလေးခရိုင်အတွင်း ယာဉ်မတော်တဆမှုပေါင်း ၁၄၄ မှုရှိရာ သေဆုံး သူ ၈၃ ဦးနင့် ဒဏ်ရာရသူ ၁၄၈ ဦးရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.