Connect with us

Politics, Law & Military

မိုင်းလား ယမ်းဂိုဒေါင် ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေး အရေးယူမည်

မိုင်းလားမြို့၌ လက်နက် ဂိုဒေါင် ပေါက်ကွဲမှုမြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ နယ်စပ် မိုင်းလားမြို့နယ် အတွင်းရှိ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) ခေါ် မိုင်းလားတပ်ဖွဲ့၏ ယမ်းဂိုဒေါင် ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး NDAA မှ စုံစမ်း စစ်ဆေးပြီး အရေးယူမှုများ ပြုလုပ်မည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့၏ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) အထူးဒေသ ၄ မိုင်းလား မြို့နှင့် ၂ မိုင်ကျော် တရုတ်နယ်စပ် အနီးတွင် မေလ ၇ ရက်တွင် လက်နက် ဂိုဒေါင် ပေါက်ကွဲမှု ဖြစ်ပွားမှုကြောင့် လက်နက်တိုက် အတွင်း ရှိ လူ ၂ ဦး ပွဲချင်းပြီး သေဆုံးပြီး လူ ၅၀ ကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ တရားဝင် သတင်း ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ကိုက် ၅၀ ခန့် အတွင်း ကျည်ဆန်ခွံနှင့် အပျက်အစီးများ ပြန့်ကျဲနေပြီး ပေါက်ကွဲမှုသည် ပြင်းထန်ကြောင်း ဒေသခံများထံမှ သိရသည်။
တရုတ်-မြန်မာ နယ်စပ် မိုင်းလားမြို့နယ်တွင် မိုင်းလားအဖွဲ့ ၏ အရပ်သုံး ယမ်းဂိုဒေါင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှု၊ ဒဏ်ရာရရှိမှုနှင့် အဆောက်အအုံ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ကြောင်း၊ ယင်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး လူထုအနေဖြင့် စိုးရိမ်မှုမရှိရန် နှင့် ပုံမှန်လုပ်ငန်းများ ဆက်လက် လုပ်ကိုင်ကြရန် NDAA အဖွဲ့က ကြေညာချက် ထုတ်ပြန်ထားသည်။
ယင်းပေါက်ကွဲမှုသည် ရာသီဥတု ပူပြင်းပြီး အုပ်ချုပ်မှု အားနည်းခြင်းကြောင့် ပေါက်ကွဲရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.