Connect with us

Politics, Law & Military

နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က အတည်ပြု

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်အား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၉ ရက် (ဆင်ဟွာ)

ဥပဒေကြမ်း ကော်မတီက တင်သွင်းလာသော နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက် မရှိ အတည်ပြုကြောင်း ယနေ့ကျင်းပသော လွှတ်တော် အစည်းအဝေး၌ ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေညာ လိုက်သည်။

အဆိုပါ ဥပဒေကြမ်းကို ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး ၂၄ ရက်မြောက် နေ့၌ ဆွေးနွေးရန် အမည်စာရင်း တင်သွင်းမည့်သူ မရှိသဖြင့် ကော်မတီက တင်သွင်းလာသော ဥပဒေကြမ်း အတိုင်း ပြင်ဆင်ချက်မရှိ အတည်ပြုလိုက်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.