Connect with us

Politics, Law & Military

မီဒီယာကဏ္ဍ ဖွံ့ဖြိုးရေး စတုတ္ထအကြိမ် မဏ္ဍိုင် (၄) ရပ် အလုပ်ရုံဆွေးနွေးပွဲ မှ သဘောတူညီချက် ၁၀ ချက် ရရှိခဲ့ 

ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)

နေပြည်တော်ရှိ  ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်သည့် မီဒီယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ စတုတ္ထအကြိမ် မဏ္ဍိုင် (၄) ရပ် အလုပ်ရုံဆွေးနွေးပွဲမှ ‘သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်း များက အရေးကြီး၊ အရေးပေါ် အခြေအနေများတွင် သတင်းထုတ်ပြန်ချက် များကို အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးရန် နှင့် ဖြေကြားပေးရန်’၊ ‘အွန်လိုင်းမီဒီယာ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေး အတွက် သက်ဆိုင်သူ အားလုံးနှင့် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ရန်’  ဟူသည့် အချက်များ အပါအဝင် သဘောတူညီချက် ၁၀ ချက် ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီက အဆိုပါ ဆွေးနွေးပွဲအပြီး ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။

 စတုတ္ထအကြိမ် မဏ္ဍိုင် (၄) ရပ် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနေစဉ် (ဆင်ဟွာ) 

ထိုကြေညာချက်အရ (၁) မဏ္ဍိုင်(၄)ရပ်ကြား သတင်းရယူခြင်းဆိုင်ရာကိစ္စနှင့် ပတ်သက်၍ သတင်း မီဒီယာ ကျင့်ဝတ်ကို အခြေခံသော၊ အပြန်အလှန် လေးစားမှုကို အခြေခံသော၊ ခွဲခြားမှုမရှိသော ဆက်ဆံရေး အခြေအနေမျိုးကို ပိုမို ကောင်းမွန်အောင် တည်ဆောက်ရန်၊  (၂) သတင်းသမားများ သတင်းရယူရာတွင် တွေ့ကြုံရသည့်အခက်အခဲများ ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် ပြန်ကြားရေး ဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေးပွဲများကို ဆက်လက် ဆောင်ရွက်ရန်၊  (၃) မဏ္ဍိုင်(၄)ရပ် အလုပ်ရုံဆွေးနွေးပွဲများတွင် ဆုံးဖြတ်ခဲ့သော ဆုံးဖြတ် ချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာအလိုက် တစ်စိုက်မတ်မတ် အကောင်အထည်ဖော် ဆောင်ရွက် သွားရန်၊ (၄) သတင်းဌာနများ၏ Website များအနေဖြင့် တည်ဆဲဥပဒေနှင့်အညီ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိပါက ပိတ်ပင်မှု မခံရစေရေး ဆောင်ရွက်ပေး နိုင်ပါရန်၊  (၅) တိုင်းဒေသကြီး/ ပြည်နယ် များ တွင် သတင်းရယူရေးဆိုင်ရာ ကိစ္စရပ် များနှင့် ပတ်သက်၍ ဌာနဆိုင်ရာများနှင့် မီဒီယာများ အကြား အဆင်ပြေချောမွေ့မှု ရှိစေရေး လိုအပ်သလို ပေါင်းစပ်ညှိနှိုင်းပေးရန်၊ (၆) သတင်းရေးသား တင်ဆက်မှုများနှင့်ပတ်သက်၍ ကျေနပ်မှုမရှိပါက သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၁ နှင့်အညီ ရှေးဦးစွာ အရေးယူ တိုင်ကြားနိုင်ရေး ဆောင်ရွက်ရန်၊ (၇) သတင်းမီဒီယာဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်း ဆောင်ရွက် နိုင်ရေးအတွက် သတင်းမီဒီယာဆိုင်ရာ မဏ္ဍိုင်(၄)ရပ် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၊ သို့ မဟုတ် ကော်မတီ ဖွဲ့စည်းနိုင်ရေးဆောင်ရွက်ရန်၊ (၈) သတင်းမီဒီယာသမားများ အသိအမှတ်ပြု လက်မှတ် ထုတ်ပေးရေး အတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက သက်ဆိုင်ရာ သတင်း မီဒီယာ အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်ရန်။  (၉) သက်ဆိုင်ရာဌာနဆိုင်ရာ အဖွဲ့အစည်း များက အရေးကြီး၊ အရေးပေါ် အခြေအနေများတွင် သတင်းထုတ်ပြန်ချက်များကို အချိန်နှင့် တစ်ပြေး ညီ ထုတ်ပြန်ပေးရန်နှင့် ဖြေကြားပေးရန်နှင့်  (၁၀) အွန်လိုင်းမီဒီယာ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေး အတွက် သက်ဆိုင်သူ အားလုံးနှင့် ချိတ်ဆက် ညှိနှိုင်းဆောင်ရွက်ရန် တို့ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.