Connect with us

Politics, Law & Military

စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် လွှတ်တော်၏ ကတိကဝတ်များကို ထည့်သွင်း စဉ်းစား ဆောင်ရွက် ကြရန် လိုအပ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့မှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးများ တွေ့ ဆုံစဉ်(ဓာတ်ပုံ-Myanmar State Counsellor Office)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ)

စီမံကိန်း လုပ်ငန်းများဆောင်ရွက်ရာတွင် လွှတ်တော်၏ ကတိကဝတ်များကို ထည့်သွင်းစဉ်းစား ဆောင်ရွက် ကြရန် လိုအပ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့မှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးများနှင့် ယနေ့ ဖေဖော်ဝါရီ ၇ ရက်တွင် နေပြည်တော်၌ တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

စီမံကိန်းလုပ်ငန်းများကို ဆောင်ရွက်လုပ်ကိုင်နေခြင်းသည် ပါတီ တစ်ခု အတွက် ၊ အဖွဲ့အစည်း တစ်ခုအတွက် မဟုတ်ကြောင်း ၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် နေခြင်း ဖြစ်ကြောင်း ၊ ထို့ကြောင့် တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် စီမံကိန်းများ ဆောင်ရွက်နေမှု ၊ ပြီးစီးမှု ၊ တွေ့ကြုံရသည့် အခက်အခဲ များနှင့် ပြည်ထောင်စုအစိုးရမှ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြကြစေလိုကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့မှ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးများက တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် ပြီးခဲ့သည့် ၁၀ လတာ ကာလ အတွင်း ဆောင်ရွက်ခဲ့သည့် စီမံကိန်းများနှင့်စပ်လျဉ်း၍ ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန်ကျန်ရှိမှု အခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံခဲ့ရ သည့် စိန်ခေါ်မှုနှင့် အခက်အခဲများ၊ ပြည်ထောင်စုအစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွား မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တင်ပြချက်များအပေါ် ပြန်လည် သုံးသပ်ဆွေးနွေးပြီး စီမံကိန်းလုပ်ငန်းဆိုင်ရာများအား ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုတွေ့ဆုံပွဲသို့နေပြည်တော်ကောင်စီဝင်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.