Connect with us

Politics, Law & Military

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယ အစည်းအဝေး ဒုတိယနေ့ကဏ္ဍအလိုက် ဆွေးးနွေးပွဲများ ကျင်းပ


နေပြည်တော် ၊ မေ ၂၅ ရက်(ဆင်ဟွာ)

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယ အစည်းအဝေး ဒုတိယနေ့မေ ၂၅ ရက်တွင် ကဏ္ဍ ၅ ရပ်ဖြစ်သည့် နိုင်ငံရေး ကဏ္ဍ ၊ စီးပွားရေး ကဏ္ဍ ၊ လူမှုရေး ကဏ္ဍ ၊ မြေယာ နှင့် သဘာ၀ ပတ်ဝန်းကျင် ဆိုင်ရာ ကဏ္ဍများအလိုက် ဆွေးနွေးပွဲများအား အသီးသီး ကျင်းပလျက် ရှိသည်။

နိုင်ငံရေး ကဏ္ဍ ဆွေးနွေးပွဲ ပြုလုပ်ရာတွင် ဦးဆောင် သဘာပတိ ဖြစ်သူ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေက “ဒီဆွေးနွေးပွဲက နေပြီး ကျွန်တော်တို့အနေနဲ့အင်မတန်မှ အရေးကြီးတဲ့ မူဝါဒတွေ ချနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။”ဟု အဖွင့်အမှာ စကား ပြောကြားခဲ့သည်။

ထိုကဏ္ဍအလိုက် ဆွေးနွေးပွဲများတွင် သက်ဆိုင်ရာ အစုအဖွဲ့အလိုက် အစိုးရ အစု အဖွဲ့နှင့် လွှတ်တော် အစုအဖွဲ့ ၊ တပ်မတော် အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့၊ နိုင်ငံရေး ပါတီ အစုအဖွဲ့အလိုက် ဟူ၍ သက်ဆိုင်ရာအစုအဖွဲ့အလိုက် ဆွေးနွေးမှုများ ပြုလုပ်ကြပြီး မီဒီယာ စင်တာတွင်လည်း ဆွေးနွေးပွဲများ အလိုက် တိုက်ရိုက် ပြသထားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယ အစည်းအဝေးတွင် ကဏ္ဍ အလိုက် ဆွေးနွေးမှုများအား တွေ့ရစဉ် (ဆင်ဟွာ)

နိုင်ငံရေး ကဏ္ဍ ဆွေးနွေးပွဲတွင် သဘာပတိ အဖွဲ့ဝင်များအား တွေ့ရစဉ်(ဆင်ဟွာ)

နိုင်ငံရေး ကဏ္ဍ ဆွေးနွေးပွဲတွင် သဘာပတိ အဖွဲ့ဝင်များအား တွေ့ရစဉ်(ဆင်ဟွာ)

နိုင်ငံရေး ကဏ္ဍ ဆွေးနွေးပွဲတွင် သဘာပတိ အဖွဲ့ဝင်များအား တွေ့ရစဉ်(ဆင်ဟွာ)

ယခု ညီလာခံတွင် ဆွေးနွေး ညှိနှိုင်းရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ(UPDJC)မှ အဆိုပြု တင်သွင်းထားသည့် ကဏ္ဍ ၅ ခု၏ အဆိုပြုလွှာများကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ ညီလာခံ တတိယနေ့မေ ၂၆ ရက်တွင် ကဏ္ဍအလိုက် ဆွေးနွေးပွဲများ နှင့် အစုအဖွဲ့အလိုက် ဆွေးနွေးပွဲများကို ကျင်းပသွားမည် ဖြစ်ပြီး ညီလာခံ စတုတ္ထနေ့မေ ၂၇ ရက်တွင် ကဏ္ဍအလိုက် ဆွေးနွေးပွဲများ နှင့် အစုအဖွဲ့အလိုက် ဆွေးနွေးပွဲများကို ရပ်နားပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အတွင်းရေးမှူး အဖွဲ့ အစည်းအဝေး နှင့် UPDJC အစည်းအဝေးများအား ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အတွင်းရေးမှူး အဖွဲ့ အစည်းအဝေးတွင် ကဏ္ဍအလိုက် နှင့် အစုအဖွဲ့အလိုက် ဆွေးနွေးမှုများကို ပြန်လည် သုံးသပ် ဆွေးနွေးပြီး ပြည်ထောင်စု သဘောတူ စာချုပ်၏ အစိတ်အပိုင်းများ အဖြစ် ညီလာခံ၌ တင်သွင်းမည့် အဆိုပြုချက်များကို UPDJC အစည်းအဝေးသို့တင်ပြပြီး ပြည်ထောင်စု သဘောတူ စာချုပ်၏ အစိတ်အပိုင်း အဖြစ် ညီလာခံကို တင်ပြမည့် အဆိုပြုချက်များကို အတည်ပြုပေးမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လုံခြုံရေး ကဏ္ဍ အနေဖြင့် အဆိုပြုလွှာများကို လုပ်ငန်း ကော်မတီတွင် ဆွေးနွေးနေဆဲ ဖြစ်၍ လုံခြုံရေး ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးရာတွင် တပ်မတော် တစ်ခုတည်း ထားရှိရေး ကိစ္စကို အစုအဖွဲ့အသီးသီးက စာတမ်း တင်သွင်းပြီး ဆွေးနွေး မှတ်တမ်း တင်သွားမည် ဖြစ်ပြီး ဆုံးဖြတ်ချက် ချမှတ်မည် မဟုတ်ကြောင်း ၊ ထိုဆွေးနွေးချက် မှတ်တမ်းများကို လုပ်ငန်း ကော်မတီတွင် ပြန်လည် ဆွေးနွေးနိုင်ရန် ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယ အစည်းအဝေး နောက်ဆုံးနေ့မေ ၂၈ ရက်တွင် ညီလာခံ စုံညီ အစည်းအဝေးအား ပြန်လည် ခေါ်ယူပြီး UPDJC မှ တင်သွင်းသည့် အဆိုပြုလွှာများကို ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံတွင် အတည်ပြုနိုင်ရေး သက်ဆိုင်ရာ အစုအဖွဲ့အသီးသီးမှ ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

ညီလာခံ၏ သဘောတူညီချက် ရရှိပြီးနောက် သဘောတူညီချက်များကို နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မှုဘောင်ပါ ပြည်ထောင်စု သဘောတူ စာချုပ် ချုပ်ဆိုခြင်း နှင့် အကောင်အထည် ဖော်ခြင်း လုပ်ငန်းစဉ်များ အတိုင်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.