Connect with us

Politics, Law & Military

မောင်တောမြို့နယ်၌ သိန်း ၄၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

ဖမ်းဆီးရမိသော စိတ်ကြရူးသွပ်ဆေးပြားများအား တွေ့ရစဉ်(ရဲဇာနည်)

ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ ဒီဇင်ဘာ ၂၅ ရက်တွင် ကျပ်သိန်းပေါင်း ၄၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။

မောင်တောမြို့နယ်၊ နယ်မြေ(၄) နယ်စပ်ခြံစည်းရိုးလျှောက်လမ်း ခန့်မှန်းမြေပုံညွှန်း ဒီယူ-၂၃၉၃၀၀ ၌ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များမှ ကင်းပုန်းဝပ်နေစဉ် ကိုက် ၁၀၀ ခန့်အကွာတွင် လူ ၅ ဦး(စိစစ်ဆဲ)သည် နယ်စပ်ခြံစည်းရိုးအနီးရောက်ရှိလာသည်ကိုတွေရှိရသဖြင့် ရပ်တန့်ရန်ပြောဆိုခဲ့ရာ ရပ်တန့်ခြင်းမရှိဘဲထွက်ပြေးသွား၍ သေနတ်ဖြင့် ၃ ချက်ခန့် သတိပေးပစ်ခတ်ခဲ့ရာလယ်ကွင်းအတွင်းသို့ ဝင်ရောက်ထွက်ပြေးသွားခဲ့ကြောင်း၊ အဆိုပါနေရာအား နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရာ အနက်ရောင်ပလတ်စတစ်အိတ်ဖြင့် ထုပ်ထားသည့်အထုပ် ၂၂ထုပ်အတွင်းမှ စိတ်ကြွဆေးပြား၂၀၉,၀၀၀ ပြား( ၁ ပြားလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် ၄၁၈,၀၀၀,၀၀၀ ကျပ်)အားပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသော စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ပတ်သက်ပြီး ကြိမ်ချောင်းနယ်မြေ ရဲစခန်းမူးယစ်(ပ)၇/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ-၁၉(က)ဖြင့် အမှုဖွင့်စစ်ဆေး၍ ကွင်းဆက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.