Connect with us

Politics, Law & Military

မောင်တော စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာ တင်ပြမည့်ရက် တိုးမြှင့်

မောင်တော စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာ တင်ပြမည့်ရက် တိုးမြှင့်သော ထုတ်ပြန်ချက်အား တွေ့ရစဉ်(ဓာတ်ပုံ-MOI)

နေပြည်တော်၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်ခံရမှုများနှင့် ပတ်သက်သော မောင်တော စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာ တင်ပြမည့်ရက်ကို တိုးမြှင့်လိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်လိုက်သည်။

ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးနှင့် ပတ်သက်သည့် စွပ်စွဲချက်အသစ်များ ထပ်မံ ပေါ်ပေါက်လျက်ရှိရာ နိုင်ငံတော်သမ္မတထံသို့ အစီရင်ခံစာတင်သွင်းရမည့်ရက်ကို ထိုကိစ္စများ ဆက်လက်စုံစမ်းစစ်ဆေးမှု ပြီးစီးသည့်အချိန်အထိ တိုးမြှင့်သတ်မှတ် လိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မောင်တောဒေသတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်ခံရမှုများအပေါ် နောက်ခံအခြေအနေများနှင့် အဖြစ်မှန်ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေးရန်နှင့် နောင်အလားတူဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရေး ဖြစ်စဉ်များနှင့် ပတ်သက်၍ ဆောင်ရွက်မှုများ တွင် နိုင်ငံတော်၏တည်ဆဲဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့် အညီ ဆောင်ရွက်ခဲ့ခြင်းရှိ/ မရှိတို့ကို စစ်ဆေးသုံးသပ်အကြံပြုနိုင်ရန်အတွက် “စုံစမ်းစစ်ဆေးရေးကော်မရှင်”ကို နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၆ခုနှစ် ဒီဇင်ဘာ ၁ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၈၉/ ၂၀၁၆ ဖြင့် ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုအစီရင်ခံစာကို ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက် နေ့အရောက် နိုင်ငံတော်သမ္မတထံသို့ တင်ပြရန် သတ်မှတ်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.