Connect with us

Politics, Law & Military

မော်တော်ယာဉ် တင်သွင်းမှု ဆိုင်ရာ အခွန်စည်းကြပ်ခြင်း နှင့် ဒဏ်ကြေး သတ်မှတ်ခြင်း အား ညွှန်ကြား လွှာသစ်ဖြင့် ဆောင်ရွက် သွားမည်

ရန်ကုန်မြို့တွင် မော်တော်ကားများသွားလာနေမှုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

ပြည်ပမှ မော်တော်ယာဉ် တင်သွင်းမှု များကို အခွန်စည်းကြပ်ခြင်း နှင့် ဒဏ်ကြေး သတ်မှတ်ခြင်း တို့အတွက် အကောက်ခွန် ဦးစီးဌာန၏ ညွှန်ကြား လွှာသစ်ဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

ယခင်က အဆိုပါ မော်တော်ယာဉ် တင်သွင်းမှု များသည် အကောက်ခွန် ဦးစီးဌာန၏ ၂ဝ၁၄ ခုနှစ်အတွင်း ထုတ်ပြန်သော ရုံးတွင်း ညွှန်ကြားလွှာဖြင့် အခွန်စည်းကြပ်ခြင်း၊ ဒဏ်ကြေး သတ်မှတ်ခြင်းတို့နှင့် ပတ်သက်သည့် လုပ်ဆောင်ချက်များကို ဆောင်ရွက်ခဲ့ပြီး ယခုအခါ ညွှန်ကြားလွှာအမှတ် (၁၅/၂ဝ၁၄) ကိုပြင်ဆင်ကာ ဇန်နဝါရီလ အတွင်း ရုံးတွင်း ညွှန်ကြားလွှာအမှတ် (၆/၂ဝ၁၇) ကို ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြင်ဆင် ထုတ်ပြန်လိုက်သည့် ညွှန်ကြား လွှာသစ်သည် အတည်ပြုပြီးနောက် မတ်လ ၁ဝ ရက်တွင် အကျုံးဝင်မည် ဖြစ်၍ ယင်းသတ်မှတ်ချက် များအတိုင်း ဆောင်ရွက်သွားရန် စီစဉ် ထားခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြင်ဆင် ထုတ်ပြန်လိုက်သည့် ညွှန်ကြားလွှာ (၆/၂ဝ၁၇) အရ Main Brand ကွဲလွဲခြင်း၊ Brand Not Found ဖြစ်ခြင်း၊ C/O Not Found ဖြစ်ခြင်း တို့အတွက် သိမ်းဆည်းခြင်း၊ Sub Brand ကွဲလွဲခြင်း (1AV)၊Typeကွဲလွဲခြင်း ((1/2 AV သိမ်းဆည်း)၊ ယာဉ်အမျိုးအစား အုပ်စု ကွဲလွဲခြင်း (သိမ်းဆည်း)၊ Model Year Down (သိမ်းဆည်း၊ 1/24 AV) ၊ Model Up (1/48 AV ၊ 1/24 AV)၊ လိုင်စင်/ပါမစ်နှင့် ကား ကွဲလွဲခြင်းအတွက် (ကင်းလွတ်၊ 1/90 AV၊ ငွေကျပ် တစ်သိန်း၊ 1/4 AV)) ၊ ဘယ်မောင်း၊ ညာမောင်း ကွဲလွဲခြင်းအတွက်(သိမ်းဆည်း၊ ကင်းလွတ်)၊ Recondition အလွဲဖြစ်ခြင်းအတွက် (ငွေကျပ်နှစ်သိန်း)၊ Brand New to Used (သိမ်းဆည်းခြင်း)၊ Used To Brand New (12 /AV)၊ လိုင်စင်ပါမစ် မရမီ ကားရောက်ခြင်းနှင့် ကားရောက်ပြီးမှ Amendment ရခြင်းအတွက် (သိမ်းဆည်းခြင်း)၊ ပါမစ်သက်တမ်း ကျော်လွန်ခြင်းအတွက် (သိမ်းဆည်းခြင်း)၊ ကားရောက်ပြီးမှ Manifest ပြင်ဆင်ခြင်းအတွက် (1/24 AV ၊ 1/12 AV ၊ 1/6 AV ၊ 1/2 AV ငွေကျပ်တစ်သိန်း)၊ လိုင်စင်/ ပါမစ် ID ခွင့်ပြုချက်တွင် မပါရှိခြင်းအတွက် (သိမ်းဆည်းခြင်း) တို့နှင့် ခါးပတ်မပါခြင်း အတွက် (1/180 AV) စသော ဒဏ်ကြေးများဖြင့် အရေးယူ လုပ်ဆောင်သွားရန် ပြင်ဆင် ထုတ်ပြန်လိုက်သည့် ညွှန်ကြားချက်တွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.